" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ထောင်ဒဏ်ချမှတ်. Show all posts
Showing posts with label ထောင်ဒဏ်ချမှတ်. Show all posts

Wednesday, July 22, 2020

ကပ်ဘေးကာလ နယ်စပ်တရားမဝင် ဖြတ်လာသူ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦး ထောင်ချခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-07-22
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တရားရုံးကို မြင်တွေ့ရစဉ်
Photo: RFA


ကပ်ဘေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦးကို ပြီး ခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင် ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ခိုးဝင်လာတဲ့သူ ၁၃ ဦးထဲက ၁၀ ဦးဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပြီး သုံးဦးက အားပေးကူညီ တာ ကြောင့် တရားမဝင်ခိုးဝင်မှု ပုဒ်မ ၁၃ (၁)၊ အားပေးကူညီမှုပုဒ်မ ၁၃ (၅) တို့နဲ့ မောင်တောမြို့နယ် တရား ရုံးက ထောက်ဒဏ် ၆ လစီ ချမှတ်ခဲ့တာသိရပါတယ်။

Tuesday, July 21, 2020

တရားမဝင် ထပ်မံဝင်လာသည့် မွတ်စလင် ၁၃ ဦးကို ထောင် ၆ လစီ ချမှတ်

ဧရာဝတီ
မင်းအောင်ခိုင်
21 July 2020


တရားစွဲထားသော မွတ်စလင်များအား ဇူလိုင်လ ပထမပတ်က ရုံးထုတ်လာစဉ် / DMG


ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းသို့ နှစ်နိုင်ငံတရားဝင်နယ်စပ်ပိတ်ထားစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တ ရားမဝင် ထပ်မံ ဝင်ရောက်လာသည့် မွတ်စလင် ၁၃ ဦးကို မောင်တောမြို့နယ် တရားရုံးနှင့် ဘူးသီးတောင် မြို့နယ် တရားရုံးတို့က ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

Friday, July 10, 2020

တရားမဝင်ရောက်လာတဲ့ မွတ်စလင်တွေကို ထောင်ဒဏ်ချ မှတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများဖြူဖြူခိုင်
2020-07-10


ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်တယ်လို့ မောင်တောမြို့နယ် ဥပဒေအထာက်အကူပြု ဥက္ကဋ္ဌ ဦးခင်ဝင်းက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */