" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဗျူဟာစခန်း. Show all posts
Showing posts with label ဗျူဟာစခန်း. Show all posts

Saturday, April 13, 2024

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

Thursday, February 8, 2024

ထွက်ပြေးရင် လက်နက်တွေရောင်းဖို့ နယ်ခြားစောင့်တပ် နဲ့ ARA ကြိုညှိခဲ့တယ်လို့ သုံ့ပန်းတွေထွက်ဆို

BBC
၈ ဖေဖော်ဝါရီ ၂၀၂၄

ARA တပ်စခန်းထဲက နေ တာကာ ဆယ်သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန် သိမ်းမိခဲ့

ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို (လက်ဝဲ - လက်ယာ) ဗျူဟာစခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တို့ ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းတွေကို ဖေဖော်ဝါရီ ၈ ရက် မှာ သတင်းထုတ်ပြန်လာပါတယ်။

Wednesday, February 7, 2024

တောင်ပြို(လက်ဝဲ) (လက်ယာ) စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် အောင်မြင်စွာသိမ်းပိုက်

Narinjara News
ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄

(လက်နက်ခဲယမ်းအများအပြားနှင့် နယ်ခြားစောင့်တပ် အလောင်းအများအပြားနှင့် ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့ သိမ်းဆည်းရမိ)

ရက္ခိုင့်တပ်တော် ( AA)သည် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */