VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ စက်တင်ဘာ၊ ၂၀၂၃
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်
အောက်တိုဘာ ၁ ရက်စတင်မယ့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၁ သိန်း ၂ သောင်းခွဲ ကို လက်ခံဖို့ သမ္မတ Joe Biden က စက်တင်ဘာလ ၂၉ ရက် သောကြာနေ့ကလက်မှတ်ထိုးအတည် ပြုလိုက်ပါတယ်။
ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ မတည်ငြိမ်မှုတွေကြောင့် ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် နေရပ်စွန့် ခွာ ထွက်ပြေးရသူ အရေအတွက် စံချိန်တင်အောင် များပြားနေတာကြောင့် ဒုက္ခသည်တွေကို လက်ခံရေး သမ္မတ Biden ရဲ့ သဓိဌာန်ခိုင်မာတယ်ဆိုတာ ပြသတဲ့အနေနဲ့ ဒုက္ခသည် ၁ သိန်းကျော် လက်ခံဖို့ သမ္မတက လက်မှတ် ထိုးခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ပါတယ်။