" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သက်ရောက်မှုများ. Show all posts
Showing posts with label သက်ရောက်မှုများ. Show all posts

Wednesday, January 22, 2020

ICJ တရားရုံး ကြားဖြတ်အမိန့်နဲ့ သက်ရောက်မှုများ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဝေမာထွန်း
2020-01-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က ပြန်လည်ချေပစဉ်Photo: Myanmar State Counsellor Office


ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာကို အပြည်ပြည်ဆိုင်ရာတရား ရုံး ICJ က လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ် မှာပါ။

လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ချမှတ်မယ့်အမိန့်ဟာ နောက်ဆုံးအမိန့်မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံက တရား လို လုပ် တင်ပြချက်အပေါ် မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် သွားရောက်ချေပခဲ့မှုနဲ့ ပတ်သက်ပြီး အမှုကို ရှေ့ဆက်ဆောင်ရွက်သင့်မသင့် တရားရုံးက ဆုံးဖြတ်ချက် ချ မှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */