" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အင်ဒိုနီးရှားနိုင်ငံ. Show all posts
Showing posts with label အင်ဒိုနီးရှားနိုင်ငံ. Show all posts

Thursday, March 21, 2024

ရိုဟင်ဂျာဒုက္ခသည်လှေ နစ်မြုပ် အင်ဒိုနီးရှား

VOA
သတင်းထောက် ဗွီအိုအေ

မတ်လ 20 ရက်၊ 2024

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် အနောက်အာချေးတွင် မတ် ၂၀ ရက်၊ ၂၀၂၄ ခုနှစ် မတ် 20 ရက်၊ 2024 ခုနှစ် Antara Foto ရိုက်ကူးထားသည့် ဓာတ်ပုံတွင် အင်ဒိုနီးရှားငါးဖမ်းသမားများက ၎င်းတို့၏ လှေကို ဒီရေတက်မှုကြောင့် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်များသည် Samatiga ခရိုင်ရုံးတွင် အနားယူနေကြပါသည်။ 


ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို သယ်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်းစွန်း ၁၁ ကီလိုမီတာအကွာမှာ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့ပါတယ်။

Thursday, December 15, 2022

ရိုဟင်ဂျာ ၁၈၀ ခန့်ပါ ဒုတိယ စက်လှေ ၁ စီး ပင်လယ်ထဲ စက်ပျက်ပြီး အကူအညီမဲ့နေ

DVB  
14 December, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ ဒုတိယမြောက် စက်လှေတစီးက အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ထဲမှာ စက်ချို့ယွင်းပြီး မျောပါနေတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီး အစာရေစာပြတ်ကာ အခုထိကူညီမဲ့သူမရှိသေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝန်းကနေ သိရပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယ အပတ်ထဲမှာ ၃ ရက်ခြားပြီး စက်လှေ ၃ စီးနဲ့ ထွက်ခွာလာတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၂၀၀ နီးပါး ပါတဲ့ စက်လှေတစ်စီး အရေးပေါ်အကူအညီလိုနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.14

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်အာချေးမြို့အနီးရှိ Krueng Geukuh ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြင်တွေ့ရစဉ်။ Reuters

အင်ဒိုနီးရှားနိုင်ငံအနီး မလက္ကာရေလက်ကြားက ပင်လယ်ပြင်မှာ ရိုဟင်ဂျာ အယောက် ၂၀၀ နီးပါးပါးတဲ့ စက်လှေ တစ်စီးမျောနေပြီး အစားအသောက်နဲ့ ရေလိုအပ်နေလိုအပ်ချက်ကြောင့် စက်လှေပေါ်ပါတဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးသွားပါတယ်။ 

အဲ့ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုကနေ နိုဝင်ဘာလ ၂၃ ရက်နေ့က ထွက်လာတာ ဖြစ်ပါ တယ်။ 

အရေးပေါ်အကူအညီလိုအပ်နေပြီး အကူအညီမရရင် လူအများအပြားသေဆုံးနိုင်ခြေရှိတယ်လို့ စက်လှေပေါ်မှာ ပါတဲ့သူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

Tuesday, November 29, 2022

ရိုဟင်ဂျာ ဒုက္ခသည်တွေ ယာယီ ခိုလှုံရေး စီစဉ်ပေးဖို့ အာချေး အစိုးရကို တောင်းဆို

VOA
ဗွီအိုအေမြန်မာပိုင်း
၂၉ နိုဝင်ဘာ၊ ၂၀၂၂

Indonesia Rohingya Refugees
 

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေး ဒေသကို မကြာခင်ရက်ပိုင်း အတွင်း ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် ယာယီခိုလှုံရေး နေရာတခု စီစဉ်ပေးဖို့ ဗဟို နဲ့ ပြည်နယ်အစိုးရ တို့ကို ဒေသဆိုင်ရာ အကူ အညီပေးရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ Lhoksukon မြို့ အစိုးရရုံးရဲ့ရှေ့မှာ ဒုက္ခသည် ၁၁၁ ဦး ဟာ ကြာသပတေးနေ့ကတည်းက နေထိုင်နေကြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */