VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဇူလိုင်၊ 2019
မဆုမွန်
(သတင်းဓာတ်ပုံ - ဦးမောင်မောင် ရိုဟင်ဂျာဒုက္ခသည်)
မြန်မာနိုင်ငံက နေရပ်ရင်းတွေကို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရင် နိုင်ငံသားအခွင့်အရေးပေးပြီး လုံခြုံရေး အာ မခံချက်ပေးဖို့ အပါအဝင် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းကို ဒီကနေ့ ရောက်ရှိလာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက တောင်းဆိုလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေ နေရပ်ပြန် လာနိုင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။