" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သပိတ်မှောက်. Show all posts
Showing posts with label သပိတ်မှောက်. Show all posts

Wednesday, November 20, 2019

မြန်မာပြည်က နိုင်ငံခြားကုမ္ပဏီတွေကို သပိတ်မှောက်ဖို့ ရိုဟင်ဂျာအဖွဲ့လှုပ်ရှား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-19
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် -Photo: Dibyangshu SARKAR / AFP 


မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို သပိတ်မှောက်ဖို့အတွက် Boycott Myanmar Campaign လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုတခုကို ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ဦဆောင်ပြီး လာမယ့် ဒီဇင်္ဘာလ ၉ ရက်နေ့မှာ စတင်မယ်လို့ RFA ကို ပြောပါတယ်။

ဒီအဖွဲ့ကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဆန်းလွင်က မြန်မာအစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံခြားမြှုပ်နှံမှုတွေ ရရှိနေတဲ့အတွက် ရိုဟင်ဂျာအရေးကို ဥပက္ခပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */