" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလကူညီ. Show all posts
Showing posts with label ကုလကူညီ. Show all posts

Friday, March 26, 2021

မီးလောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ဒေါ်လာ ၁၄ သန်း ကုလကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 မတ်၊ 2021
ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့သူတွေအတွက် ယာယီအိမ်များဆောက်ပေးဖို့လာကြတဲ့ လုပ်အားပေးဝန်ထမ်းများ။ (မတ် ၂၄၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့သူတွေကို အကူအညီပေးရေး ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ၁၄ သန်း သုံးစွဲခွင့်ပြုလိုက်ပါတယ်။ မီးဘေးကြောင့် လူပေါင်း ၄၅,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တနင်္လာနေ့က အကြီးအကျယ်မီးဘေးသင့်ခဲ့သူတွေထဲက တချို့ကတော့ ယာယီအိမ်တွေ ပြန်ပြီးဆောက်နေကြရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေပေးတဲ့ တာပေါ်လင်စတွေ၊ ဝါးတွေသုံးပြီး ယာယီတဲအိမ်တွေ ဆောက်နေကြရတာပါ။ မီးလောင်မှုအတွင်း ၁၅ ယောက်သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ၃၄၀ လောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မီးအကြီးအကျယ် လောင်ခဲ့တာ ၄ ရက်ကြာခဲ့ပေမဲ့ နေစရာမဲ့ ဖြစ်နေကြတဲ့ ဒုက္ခ သည်တော်တော်များများ ရှိပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */