" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 2, 2023

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီ
2 December 2023

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိဖြစ်ပွားနေသည့် တ ကျော့ပြန်တိုက်ပွဲကာလ နှစ်ပတ်အတွင်း မြို့နယ်အသီးသီးရှိ ရခိုင်အရပ်သား ၇၀ ကျော်ကိုစစ်ကောင်စီ က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
မောင်တောမြို့နယ်မှ ၆ ဦး၊ ရသေ့တောင်မြို့နယ်မှ ၂ ဦး၊ စစ်တွေမြို့နယ်မှ ၃၀ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၅ ဦး၊ ကျောက်ဖြူမြို့ နယ်မှ ၁၄ ဦး၊ ပေါက်တောမြို့နယ်မှ ၃ ဦး၊ မြေပုံမြို့နယ်မှ ၂ ဦး၊ တောင်ကုတ်မြို့ နယ် မှ ၁၁ ဦးတို့ဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွား သည့် နိုဝင်ဘာ ၁၃ ရက်မှ ၂၆ ရက်ထိ ကောက်ယူပြုစု ထားသောစာရင်းများဖြစ်ကြောင်း ရခိုင်စစ်ရေးသတင်းများကို ဖော်ပြ နေသည့် One Nation News ကလည်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများအား AA နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် ဖမ်း ဆီးသွားခြင်းဖြစ် သည်ဟုသာသိရပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်၊ မည်သည့် ပုဒ်မ ဖြင့် တရားစွဲတင်မည်ကိုမူ မိသားစုဝင်များ အနေဖြင့် မသိရှိရကြောင်း ဖမ်းဆီးခံမိသားစုဝင်တချို့၏ ပြော ပြချက်အရ သိရသည်။

တောင်ကုတ်မြို့မှ ဖမ်းဆီးခံ မိသားစုဝင်တဦးက “အဖမ်းခံထားရတဲ့သူတွေကို အခုထိ ရဲလက်ထဲကို မ လွှဲသေးဘူး။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူး။ ဘယ်ပုဒ်မနဲ့ ဖမ်းတယ်ဆိုတာလည်း မသိရ ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံရသည့် တောင်ကုတ်မြို့ခံများထဲ ရွှေဆိုင်၊ စက်သုံးဆီအရောင်းဆိုင်၊ စတိုးဆိုင် ပိုင်ရှင်များနှင့် ဆောက်လုပ်ရေးလုပ် ငန်းရှင် အများစုပါဝင်ပြီး ၎င်းတို့ကို တောင်ကုတ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၄၄ တွင် ဖမ်းဆီးထိန်းသိမ်းထားကာ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) မှ စစ်ဦးစီးမှူးပထမတန်း G1 က တဦးလျှင် ငွေကျပ် သိန်း ၃၀၀ ပေးပါက ပြန်လွှတ်ပေးမည်ဟု ကာယကံ ရှင် များထံ တောင်းနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီက သီးခြားအတည်ပြု နိုင်ခြင်းမရှိပါ။

ထို့ပြင် သံတွဲမြို့၌လည်း ယခုရက်ပိုင်းအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များကို စစ် ကောင်စီက လိုက်လံဖမ်း ဆီးနေပြီး ၁၀ ဦးခန့် ဖမ်းခံထားရကြောင်း၊ ၎င်းတို့အား မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုမူ မသိရှိရ ကြောင်း မြို့ခံများက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြင်ကွင်းတချို့ (ဓာတ်ပုံ – ဧရာဝတီ)

ကျောက်ဖြူမြို့ခံတဦးကလည်း “ကျောက်ဖြူမှာ အဖမ်းခံရတဲ့လူတွေက ရွှေပန်းတိမ်ပိုင်ရှင်တွေများ တယ်။ AA ကို အခွန် ဆောင်တဲ့အတွက် မတရားအသင်းဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ။ ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေလည်း ပါတယ်။ စာရင်းအတိအကျတော့ မသိဘူး။ မြို့ကို စစ်ကားလှည့်ပြီး အိမ် တွေကို ဝင်ရောက် ဧည့်စာရင်းစစ်တယ်ဆိုပြီး ဖမ်းထားတဲ့ လူတွေလည်း အများကြီးရှိနေတယ်ဆိုတော့ ခန်းမှန်းခြေ လူ ၃၀ နီးပါးလောက်တောင် ရှိမယ်နဲ့တူတယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် စစ်ကောင်စီက ကျောက်ဖြူမြို့အား နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ မြို့ဝင်မြို့ထွက်၊ ရေလမ်း၊ ကုန်းလမ်းအားလုံးကို ဖြတ်တောက်ထားပြီး ကုန်စည်အဝင်အထွက်ကိုလည်း ပိတ်ဆို့ကာ ပြည်သူများ အငတ်ဘေးဆိုက်အောင် ပြုလုပ်ထား ကြောင်းလည်း ၎င်းက ဆိုသည်။

ကျောက်ဖြူမြို့ခံတဦးက “စစ်တပ်က မြို့ကို ဘယ်လောက်ထိလုပ်ထားသလဲဆို မြို့ကို ဟင်းသီးဟင်း ရွက်လာရောင်းတဲ့ လူတွေကိုတောင် အဝင်မခံဘူး။ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း လစာထုတ် ဖို့လာတာ မြို့ကိုအဝင်မခံဘူး။ မြို့ဝင် တပ်ကနေပြီးတော့ လစာတွေ ထုတ်ပေးနေတယ်။ မြို့ကို သူတို့ စစ်ကားနဲ့လှည့်တယ်။ ဖမ်းချင်တဲ့လူကို ဖမ်းတယ်။ မြို့ကို သူတို့ အပိုင်သိမ်းထားနိုင်တယ်ပေါ့” ဟု ပြော သည်။

အလားတူ မြို့တော် စစ်တွေ အပါအဝင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ စသည့် မြို့ နယ်များတွင်လည်း စစ်တပ်က မြို့ဝင်မြို့ထွက်အားလုံးကို ပိတ်ဆို့ပြီး ညအ ချိန် စစ်ကားများဖြင့်လှည့်ကာ မြို့ပေါ်ရပ်ကွက် များကို သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြင်ကွင်းတချို့ (ဓာတ်ပုံ – ဧရာဝတီ)

ဘူးသီးတောင်မြို့ခံတဦးက “ဒီနေ့ ဘူးသီးတောင်အကျဉ်းထောင်က သူတို့ထောင်ထားတဲ့မိုင်း ပေါက်ကွဲ တာကို AA က လာတိုက်တယ်ထင်ပြီး အကျဉ်းစခန်းနားကနေရာတွေ စစ်ကား ၂ စီးလာပြီးတော့ သေ နတ်နဲ့ပစ်တယ်။ မြို့ထဲကိုလည်း လက်နက်ကြီးနဲ့ပစ်လို့ မြို့ခံတဦး အခုဒဏ်ရာရလို့ ဆေးရုံတင်ထားရ တယ်။ အဲဒီလိုပဲ ခြောက်လှန့်ပြီးပစ်နေတာ။ မနေ့က ဆိုရင်လည်း မြို့ခံစီးပွားရေးလုပ်ငန်းရှင် ၂ ဦးကို ဖမ်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီကို ဝိုင်းဝန်းတိုက်ခိုက်နေသည့်အချိန် ရခိုင်ပြည်သူများကို လမ်းကြောင်းများ ပိတ်ဆို့ပြီးဖမ်းဆီးခြင်း၊ သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ အငတ်ဘေးဆိုက် အောင်ပြု လုပ် နေသည့် ဗျူဟာများသည် လက်ရှိ အချိန်တွင် အလုပ်မဖြစ်တော့ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

၎င်းက “စစ်တပ်က ပြည်သူကို အကြောက်တရား ကြီးစိုးအောင်လုပ်နေတဲ့ ဗျူဟာတွေက အခုအချိန် အခါမျိုးမှာ အလုပ် မဖြစ်တော့ဘူး။ လက်ရှိအနေအထားမှာ စစ်တပ်ကို ရခိုင်တခုတည်းက တိုက်နေ တာမဟုတ်ဘူး။ တပြည်လုံး စစ်မျက်နှာ ဖွင့်ပြီး တိုက်နေတာ။ အဲဒီလိုမျိုးမှာ ပြည်သူကို ဖမ်းဆီးနှိပ်စက် ပြမယ်။ အငတ်ဘေးရောက်အောက်လုပ်မယ်။ လမ်းကြောင်း တွေ ပိတ်ဆို့ထားမယ်ဆိုတဲ့ဗျူဟာက တဖက်ကို ပိုပြီးရောက်သွားအောင် တွန်းပို့နေတာနဲ့အတူတူပဲ။ စစ်ကောင်စီကကိုယ့်သေတွင်းကိုယ်တိုး နေသလို ဖြစ်နေတယ်” ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ထား ခြင်း မရှိသေးပေ။


You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */