" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အရှေ့တီမော. Show all posts
Showing posts with label အရှေ့တီမော. Show all posts

Monday, August 28, 2023

စစ်ကောင်စီက အရှေ့တီမော သံတမန်တွေကို တိုင်းပြည်က နှင်၊ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ Facebook ဆိုရှယ် မီဒီယာ

MoeMaKa

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၆ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၃


မကြာသေးခင် ဇူလိုင်လ ၁ ရက်နေ့က အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို တရားဝင် ဖိတ် ကြားတာတွေ လုပ်ခဲ့ပြီး သမ္မတ၊ ဝန်ကြီးချုပ်တို့လို အရှေ့တီမောနိုင်ငံရဲ့ အကြီးအကဲဖြစ်သူတွေက လူ သိရှင်ကြား လက်ခံတွေ့ဆုံတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တဖန် အရှေ့တီမောနိုင်ငံအနေနဲ့အာဆီယံ အဖွဲ့ ဝင်ခွင့်လျှောက်ထားတာ နဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှ အာဆီယံကို အ ဖွဲ့ ဝင်အဖြစ် ဝင်ရောက်မယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်လာပြီး သီတင်းပတ်အနည်းငယ်အကြာ မှာ အခုလို စစ်ကောင်စီက ရန်ကုန်မှာရှိတဲ့ အရှေ့တီမော နိုင်ငံသံတမန်တွေကို ယခုလကုန်မှာ မြန်မာ နိုင်ငံက ထွက်ခွာသွားဖို့ အသိပေး အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */