" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ. Show all posts
Showing posts with label ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ. Show all posts

Tuesday, February 19, 2019

မြန်မာစစ်တပ်နဲ့ RCSS/SSA တိုက်ပွဲဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA လက်နက်ကိုင်တပ်သား တချို့ နဲ့  မြန်မာစစ်တပ် အကြား ဒီကနေ့မနက်ပိုင်း သီပေါမြို့နယ်မှာ ပစ်ခတ်မှုရှိခဲ့ပြီး RCSS ဘက်က ၂ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။ ဒါဟာ RCSS ဘက်က စတင်ပစ်ခတ်တဲ့အတွက် အခုလိုအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့လည်း တပ်မတော် သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော် ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

Monday, February 18, 2019

အစိုးရနဲ့တပ်ကို တွန်းအားပေးဖို့ အားနည်းခဲ့တယ်လို့ SSPP ပြော

RFA 


SSPP/SSA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကို တွေ့ရစဉ်

 

အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တိုက်ပွဲဖြစ်နေတာကြောင့် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် အကောင်အထည် aဖ်ာရေး အတွက် အစိုးရနဲ့ တပ်မတော်အပေါ် တွန်းအားပေးနိုင်ဖို့ အားနည်းခဲ့တယ်လို့ ရှမ်းပြည်တိုးတက် aရး ပါတီ SSPP ပြောခွင့်ရသူက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */