" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်အရေးအခင်း. Show all posts
Showing posts with label ရခိုင်အရေးအခင်း. Show all posts

Thursday, November 14, 2019

ရခိုင်မှာ ပိတ်သိမ်း၊ ဖျက်ဆီးခံဗလီနဲ့ ဘာသာရေးစာသင် ကျောင်း ၉၀၀ ဝန်းကျင်ရှိ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ကျော်လွင်ဦး
2019-11-14
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ဗလီတစ်လုံးကိုတွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

 

၂၀၁၂ အဓိကရုဏ်းနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံရတာတွေ၊ ပိတ်သိမ်းခံရတဲ့ အရေအတွက် ၉၀၀ ဝန်းကျင် ရရှိတယ်ထားတယ်လို့ အပိတ်ခံ ဗလီ တွေ ပြန်ဖွင့်ရေးကြိုးပမ်းနေတဲ့အဖွဲ့က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ အပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာရေးဝတ်ပြု ဗလီတွေ၊ ဘာသာရေး စာသင်ကျောင်း တွေကို ပိတ်သိမ်းဖျက်ဆီးခံ ဗလီတွေပြန်ဖွင့်လှစ်ခွင့်ရရှိရေးကော်မတီက စာရင်းပြုစုနေပြီးတော့၊ အချက် အလက်တိကျတဲ့ ဗလီအလုံး ၆၀ ကျော်ကို ပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တပ်မတော် ကာ ကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ပေးပို့ထားတယ်လို့ သိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */