Showing posts with label မြန်မာစစ်သား. Show all posts
Showing posts with label မြန်မာစစ်သား. Show all posts

Friday, September 11, 2020

မြန်မာစစ်သားဟောင်း ၂ ဦးရဲ့ ၀န်ခံချက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2020
မြန်မာစစ်သားဟောင်း ၂ ယောက်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ကောက်နုတ် ရေးသားချက်တွေကို ဗွီအိုအေက ပြန်လည် တင်ပြပေးထားတာ ဖြစ်ပါတယ်။

သူတို့ကိုကြည့်ရတာ သိပ်ပြီးစိတ်လှုပ်ရှားမှု မရှိသလိုပါပဲ၊ သူတို့အဖြေတွေက ဇာတ်တိုက်ထားတာ ဖြစ်နိုင် ပေမယ့် အတော့်ကိုပြင်းထန်ပါတယ်။ မြန်မာ စစ်တပ်က စစ်သားဟောင်း တပ်ပြေး ၂ ယောက်က သူတို့ဟာ အစုပြုံလိုက်သတ်ဖြတ်မှု ရွာတွေကို ရွာလုံးကျွတ်မီးရှို့မှု အပါအ၀င် ရက်စက်ကြမ်းကြုတ်မှုတွေမှာ အထက် အရာရှိတွေရဲ့ အမိန့်အရ ပါဝင်ခဲ့ တယ်လို့ ဗွီဒီယိုမှတ်တမ်း ဖြောင့်ချက်ထဲမှာပြောထားပါတယ်။

Wednesday, September 9, 2020

ရိုဟင်ဂျာသတ်ဖြတ်မှု စစ်သားနှစ်ဦးထွက်ဆိုချက် ယုံကြည် ရလောက် (Fortify Rights)

VOA
ဗွီအိုအေ (မြန်မာဌာန)
09 စက်တင်ဘာ၊ 2020
ကျော်ကျော်သိန်း
ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ် တပ်ဖွဲ့ဝင်များ။ (သြဂုတ် ၃၁၊ ၂၀၁၇)  

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ် မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်နိုင်လောက်တဲ့ ထွက်ဆိုချက် တွေဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီ အိုအေကိုပြောပါတယ်။

ICC လက်ထဲ တပ်သားနှစ်ယောက်ရောက်သွားလို့ မတရား မှုတွေ ဖော်နိုင်မယ်လို့ သုံးသပ်


လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ခင်မောင်စိုး
2020-09-08

ရိုဟင်ဂျာတွေကို နှိမ်နင်းတဲ့ကာလမှာ ကိုယ်တိုင်ပါဝင်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ် 
ယောက် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး International Criminal Court ကို ရောက်သွား တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်မယ့် လမ်းစပေါ်လာတယ်လို့ ရှေ့နေတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

Tuesday, September 8, 2020

ရိုဟင်ဂျာမှုမှာ ပတ်သက်သူ မြန်မာစစ်သား ၂ ဦး ICC စစ် ဆေးဖို့ Fortify Rights တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်ကျော်သိန်း
08 စက်တင်ဘာ၊ 2020

ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ် တပ်ဖွဲ့ဝင်များ။ (သြဂုတ် ၃၁၊ ၂၀၁၇)

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ် မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်နိုင်လောက်တဲ့ ထွက်ဆို ချက် တွေဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီ အိုအေကိုပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */