Showing posts with label USCIRF. Show all posts
Showing posts with label USCIRF. Show all posts

Friday, March 22, 2024

ရိုဟင်ဂျာတွေကို ကန်လက်ခံကူညီဖို့ USCIRF တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
 
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလွန်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်ဖို့ အခွင့် အလမ်းတွေရှိလာရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲပြီး ကူညီဆောင် ရွက်သွားဖို့ USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုကော်မရှင်က တိုက် တွန်းပါတယ်။

Thursday, March 21, 2024

အမေရိကန်ဘာသာရေးလွတ်လပ်ခွင့် USCIRF အဖွဲ့က ရိုဟင်ဂျာတွေအတွက် အဆိုပြုချက်ထုတ်ပြန်

RFA
RFA Burmese
2024.03.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို လူမျိုးတုံးသုတ်သင်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အခုအချိန်မှာ သူတို့ကို စစ်မှုထမ်းပြီးရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အစီအစဉ်တောင်မပါဘဲ စစ်တပ်ထဲထည့်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် USCIRF ကော်မရှင်မင်းကြီး အဲရစ်ဟူးလန်းဒ် က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို ဖရိဖရဲနဲ့ စည်းလွတ်ဝါးလွတ်အုပ်ချုပ်နေတယ်လို့ သူက ပြောပါတယ်။

Tuesday, July 4, 2023

“စစ်အာဏာသိမ်း ၂နှစ်အတွင်း ဘာသာရေး အဆောက် အဦး၂၀၀နီးပါး တိုက်ခိုက်ခံရ” ICJ အစီရင်ခံ

VOA
နန်းလောင်ဝ်
၀၅ ဇူလိုင်၊ ၂၀၂၃ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ အပါအဝင် ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရတယ်လို့ အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ပြောပါတယ်။ ဘာသာရေး လူနည်းစုဝင်တွေနဲ့ အသိုင်းအဝိုင်း တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပို ဆိုးလာတယ်လို့လည်း ဇွန်လထဲ ထုတ်ပြန်တဲ့ ICJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။

Thursday, July 29, 2021

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူများ အရေးယူဖို့လိုကြောင်း USCIRF ထောက်ပြ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇူလိုင်၊ 2021
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF 2021 (ဓာတ်ပုံ - Courtesy) 
 
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ် လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ကော်မရှင်နာ မင်းကြီး Nury Turkel ကပြောပါတယ်။

Thursday, December 31, 2020

ဘာဆန်ချာကျွန်းကို ရိုဟင်ဂျာတွေ အဓမ္မမပို့ဆောင်ဖို့ USCIRF တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-12-29

 အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ဘင်္ဂလား ဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လုံခြုံစိတ်ချမှု မရှိတဲ့ ဘာဆန်ချာကျွန်းကို အဓမ္မ ပို့ဆောင်ခြင်း မပြုပါနဲ့လို့ တိုက် တွန်းထားတဲ့ ကြေညာချက်တစောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Saturday, August 24, 2019

ပိတ်ဆို့မှုတွေတိုးလုပ်ဖို့ ကန်အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-24

ရိုဟင္ဂ်ာအမ်ိဳးသမီး ဒုကၡသည္မ်ား။
Photo: AFP
■ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့ က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တ ခြားသူတွအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူး လွန်နေတာဟာ တပ်မ တော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ် ပြန် ပြောကြားလိုက်ပါတယ်။

Tuesday, April 30, 2019

မြန်မာနိုင်ငံတွင်း ဘာသာရေး ခွဲခြားဖိနှိပ်မှုရှိနေဆဲ

VOA  
ဗွီအိုအေ (မြန်မာဌာန
30 ဧပြီ၊ 2019
အိသန့်စင်
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံထားပေမယ့်လည်း ဘာသာရေးအရ ခွဲခြားဆက် ဆံမှုတွေ ရှိနေတုန်းပဲလို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားနေသူတွေက ရှုမြင်နေပါတယ်။ မြန်မာအပါ အဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုနိုင် ငံတွေအဖြစ် တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ မအိသန့်စင် တင်ဆက်ပေး ပါလိမ့်မယ်။

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်ဖွယ်ရာ နိုင်ငံများစာရင်းမှာ မြန်မာပါဝင်

VOA  
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2019  
အင်ကြင်းနိုင်
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကမ္ဘာမှာ အဆိုးရွားဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက် မှုနိုင် ငံတွေအဖြစ် မနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့် ကြည့်ရေး အမေရိကန်ကော်မရှင် ရဲ့ ၂၀၁၉ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

Wednesday, December 14, 2016

မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု အစီရင်ခံစာ နှစ်စောင် USCIRF ထုတ်ပြန်

VOA
ဉာဏ်ဝင်းအောင်
၁၄ ဒီဇင်ဘာ၊ ၂၀၁၆

USCIRF ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ နှစ်စောင်
မြန်မာနိုင်ငံမှာ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေနဲ့ အခြားလူနည်းစု ရိုဟင်ဂျာ မူဆလင်တွေပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ လုပ်နေတယ်-ဆိုပြီး အမေရိကန် ရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ဒီဇင်ဘာ ၁၃ အင်္ဂါနေ့မှာ အစီရင်ခံစာ၂စောင်ကို တပြိုင်နက်ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေး လွတ် လပ်ခွင့် ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့လေ့လာတွေ့ရှိ ချက်တွေကို မြန်မာအစိုးရ ကိုရော၊ အမေရိကန်အစိုးရကိုပါ တိုက်တွန်း အကြံပြု သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */