Showing posts with label ထွန်းမြတ်နိုင်. Show all posts
Showing posts with label ထွန်းမြတ်နိုင်. Show all posts

Wednesday, December 4, 2024

အင်္ဂါဂြိုဟ်ကလာပြောလည်း သိမ်းမှာပဲ (ရုပ်/သံ)

ဧရာဝတီ
ဒီဇင်ဘာ ၄၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို အတားအဆီးတွေ ဘယ်လိုပဲရှိရှိ ရအောင်သိမ်းမှာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဧရာဝတီနဲ့ ဩဂုတ်လထဲမှာ ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

Friday, September 6, 2024

ဧရာဝတီ ဦးအောင်ဇော် နှင့် အရက္ခတပ်မှူး ထွန်းမြတ်နိုင် မေးမြန်းခန်း။

ဧရာဝတီ
စက်တင်ဘာ ၅၊ ၂၀၂၄


အာရက္ခအိပ်မက်က တော်တော်လေး ခရီးရောက်လာခဲ့ပြီ (ရုပ်/သံ)

  • အာရက္ခအိပ်မက်က တော်တော်လေး ခရီးရောက်လ... ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ် (ရုပ်/သံ)

  • ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထားတွ...

မြန်မာနိုင်ငံအလယ်ပိုင်းမှာ သိပ်မကြာခင် တော်လှန်ရေးအခြေအနေ အရင်ထက်ပိုပြီး မြင်လာရလိမ့်မယ်လို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

AA ဟာ ရခိုင်ပြည်နယ်တခုတည်းကိုသာ စစ်ဆင်ရေးလုပ်နေတာမဟုတ်ဘဲ မြန်မာပြည် အလယ်ပိုင်းအပါအဝင် နိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းတွေမှာပါ စစ်ကူဖြန့်ပေးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

နိုင်ငံတဝန်းစစ်ဆင်ရေးတွေမှာ စစ်ကူနေတဲ့ ရည်ရွယ်ချက် အပါအဝင် AA ရဲ့ အုပ်ချုပ်ရေးအခြေအနေ၊ စစ်ခေါင်း ဆောင်ရဲ့ ရွေးကောက်ပွဲထွက်ပေါက်၊ စစ်ကောင်စီတပ်ရဲ့ လက်ရှိအခြေအနေပေါ်အမြင်နဲ့ တော်လှန်ရေး နိုင်မှာလား ဆိုတဲ့ အကြောင်းတွေကို ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်က မေးမြန်းထားပါတယ်။

Link : Here

Friday, April 19, 2024

အိန္ဒိယ Express ဖော်ပြတဲ့ ဘူးသီးတောင်သတင်း စစ်ကောင်စီငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၉ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ/EPA/MIN THEIM KHINE)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က တုံ့ပြန်ပါတယ်။

Saturday, March 2, 2024

❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့ ❞

 မင်း သေ့
February 29 at 4:36 AM  ·
❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့  ❞

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းကို အကြီးအကျယ် လှုပ်ရမ်းပစ်နိုင်ခဲ့ပါတယ်။ အဲသည့် အလှုပ်အရမ်းတွေထဲမှာ၊ “အိုက်ဒေါ - အပြောင်းအလဲ” ဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ လူထုတွေထဲမှာ လူငယ်ထုရဲ့ ထက်သန်ပြင်းပြမှုဟာ အင်မ တန် အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ဒီထက်သန်ပြင်းပြမှုကို ရိုက်ချိုးဖို့အတွက်၊ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ဦးကျိုးအောင် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဦးမကျိုးဘဲ ခေါင်းထောင်ဖို့အတွက် မြန်မာလူငယ်တွေဟာ နည်း နာ နိဿယကို ပြောင်းလဲခဲ့ကြတယ်။ အဲဒါကတော့ အကြမ်းမဖက်လူထုတော်လှန်ရေးနည်းမှသည် လက်နက်ဆွဲကိုင်တော်လှန်တဲ့ လက်နက်ကိုင်လမ်းစဉ်အဖြစ် လှည့်ပြောင်းခဲ့ကြပါတယ်။ 

Sunday, January 9, 2022

ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ထုတ်ပြန်ချက် နောက်ကွယ်က ဝှက်ဖဲတစ်ချပ်က ဘာဖြစ်နိုင်မလဲ

DMG
ဇန္နဝါရီ ၉ ၂၀၂၂

(အတွေးအမြင်ဆောင်းပါး)

၁၉၆၇ ခုနှစ်မှာ စတင်ခဲ့ပြီး တော်လှန်ရေးဂုဏ်သိက္ခာ ကြီးမားတဲ့ ရခိုင်ပြည်လွတ်မြောက်ပါတီက ဇန်နဝါရီလ ၆ ရက်နေ့ ၂၀၂၂ ခုနှစ် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ သာမန်ထုတ်ပြန်ချက်တစ်ခုဆိုပေမယ့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ ခုခံတော်လှန်ရေးဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်စဉ်းစားလိုက်ရင် ထူးခြားမှုတွေ ရှိနေတာကို သတိထားမိတယ်။ 

ဒီထုတ်ပြန်ချက်ရဲ့ နှောက်ကွယ်က စဉ်းစားချက်တွေက ဘာလဲ။ ဘယ်ခြေလှမ်း ကို သူတို့လှမ်းမှာလဲ။ဘာကြောင့် အဲဒီခြေလှမ်းတွေကို လှမ်းဖို့ ပြင်ဆင်လာတာလဲ။ ရက္ခိုင်ပြည်အတွက် ဘယ် လို အကျိုးစီးပွားတွေဖြစ်ထွန်းပြီး၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲ။ ရက္ခိုင်ပြည်တော်လှန်ရေး အုပ်စုနဲ့ ဘယ်လိုဘယ်လို ချိတ်ဆက် မျှော် မှန်းချက်တွေရှိနိုင်သလဲ။ ဒီမေးခွန်းပေါင်းများစွာဟာ ဒီထုတ်ပြန်ချက်နဲ့အတူ တွဲပြီးပေါ်လာတဲ့ ကွတ်ချန်မက်(ခ်) တွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေအပေါ် ထင်မြင် ယူ ချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။ (ဒီဆောင်းပါးကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ နည်းနဲ့ သုံးသပ်ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။)

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */