" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မုန်းဝန်းလူမျိုး. Show all posts
Showing posts with label မုန်းဝန်းလူမျိုး. Show all posts

Sunday, January 22, 2023

မုန်းဝန်းလူမျိုးနှင့် နိုင်ငံသားဖြစ်မှု ပြဿနာ

Frontier
MYANMAR

SEPTEMBER 19, 2016

ယခင်အစိုးရက မန်ဒရင်း တရုတ်ဘာသာစကား ပြောဆိုသော လူ့အဖွဲ့အစည်းကို ဗမာ့လူ့အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့သဖြင့် ထိခိုက်လွယ်သော လူမျိုးရေး ပြဿနာရှိသည့် မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည်။

စာသားနှင့် ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

လူမျိုးရေးသည် မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သော အရေးကိစ္စ တစ်ခုဖြစ်သည်။ မကြာသေးမီ နှစ်များက အမျို းသားရေး စိတ်ဓာတ်များ တက်ကြွပြီး ဘာသာရေး အခြေခံသော နိုင်ငံသားဖြစ်မှုဆိုင်ရာ ယူဆချက်များသည် တိုးပွားလာခဲ့ပြီး တခါတရံ အကြမ်းဖက်မှုများပင် ဖြစ်ပွားခဲ့သည်။

ဆွေးနွေးငြင်းခုံမှု အများအပြားသည် ရိုဟင်ဂျာဟု မိမိကိုယ်ကို သတ်မှတ်သော လူမျိုးများ၏ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်နေခဲ့သည်။ ၎င်းတို့အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရသစ်က ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်းဟု ခေါ်ဆိုမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */