" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပဋိပကၡ. Show all posts
Showing posts with label ပဋိပကၡ. Show all posts

Sunday, April 14, 2019

မြန်မာ အရာရှိတွေကို အရေးယူမယ့် ဥပဒေ ဂျူး ညွန့် ပေါင်းအဖွဲ့ ထောက်ခံ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-14

 နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်
 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော် အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဆိုပြုခဲ့တာကို (Jewish Rohingya Justice Network - JRJN) ဂျူး ရိုဟင်ဂျာ တရားမျှတမှု ကွန်ရက်လို့ အမည်ပေးထား တဲ့ ညွန့်ပေါင်းအဖွဲ့က ထောက်ခံကြိုဆို လိုက်ပါတယ်။

Tuesday, April 2, 2019

ရခိုင်ပဋိပက္ခကြောင့် သောင်းချီဒေသခံတွေ စားဝတ် နေရေး INGO ၁၆ ဖွဲ့ စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဧပြီ၊ 2019 
 စစ်ကြောင့် ထွက်ပြေးရတဲ့ ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist)
ရခိုင်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ကြား ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ တိုက်ပွဲမှာ ပါဝင်ပတ် သက်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ INGOs အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၆ ဖွဲ့ က ဧပြီလ တရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

Sunday, March 31, 2019

မြောက်ဦးအပါအ၀င် ၃ မြို့နယ်ကို ခရီးသွားဖို့မသင့်တဲ့ ဒေသအဖြစ် အမေရိကန်သံရုံး ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-31
ကိုသီဟထွန်း

 ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်
 

အစိုးရတပ်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးအပါအ၀င် မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ကို ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ်တွေမှာ ဒေသတွင်း မငြိမ်မသက်တာတွေ ဖြစ်ပွားနေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ခရီးသွားလာဖို့ မသင့်တဲ့ ဒေသတွေအဖြစ် သတ်မှတ်ထားတာလို့ မတ် ၂၉ ရက်နေ့က အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Friday, March 29, 2019

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့ ကြောင်း သမ္မတရုံးပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-29


 နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်

 ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ ၂၈ ရက်နေ့အထိ တိုက် ပွဲပေါင်းတစ်ရာကျော်၊ မိုင်းပေါက်ကွဲမှု ၄၄ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မ တ ရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ရင်နှီးမြှုပ်နှံခြင်းနဲ့သာ ရိုဟင်ဂျာပြဿနာကို ကူညီရာ ကျမယ်လို့ တရုတ်သတင်းစာ ရေးသား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

 ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် 


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီး မြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

မြောက်ဦးပစ်ခတ်မှု အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

VOA
ဗွီအိုအေ (မြန်မာဌာန)

နိုင်ကွန်းအိန်
ancient pagoda in Mrauk-U, Rakhine

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှု တချို့ ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတဲ့အကြောင်း ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကပြော ပါတယ်။ ဒီကနေ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက် ပွဲဖြစ်တာလို့ ပြောပေမဲ့ AA အဖွဲ့ ကတော့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Monday, March 25, 2019

ပစ်ခတ်မှုလျော့ပါးရေး သဘောတူထားပေမယ့် ရခိုင် တိုက်ပွဲ ပြင်းထန်ဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန)

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျော့ချရေး ဆက်လက် ဆွေးနွေးသွားဖို့ အမျိုးသားပြန်လည် သင့်မြတ် ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ သဘောတူခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာကိုပဲ၊ ရခိုင်ပြည်နယ် အ တွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

Sunday, March 24, 2019

ရခိုင်ပြည်ပဋိပက္ခကို ဖြေရှင်းဖို့ မှန်ကန်တဲ့မူဝါဒချဖို့ လိုတယ်လို့ မြောက်ဦးအမတ် ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-24

                                  ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကို တွေ့ရစဉ်
                                                                                            Photo: RFA


ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး ဖြေရှင်းလို့ ရနိုင်ကြောင်း ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားလိုက် ပါတယ်။

RFA က ဒီကနေ့ ထုတ်လွှင့်တဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဦးဦးလှစောက အခုလို ပြောကြားလိုက် တာ ဖြစ် ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */