19 March 2021
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရက်မစ်ချယ်
ဧရာဝတီသတင်းဌာနသည် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှ ၂၁၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒဲရက်မစ်ချယ်နှင့် ဆွေးနွေးခဲ့သည်။ မစ်ချယ်သည် သံအမတ်အဆင့်ဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပထမ ဆုံးသော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းသူ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တပ်က ခန့်အပ်သည့် သမ္မတဦးသိန်းစိန်လက်အောက်တွင် နိုင်ငံတံခါးဖွင့်ချိန်နှင့် တိုက်ဆိုင်နေသည့် သူ၏ ရာထူးသက်တမ်းအတွင်း မစ်ချယ်သည် မြန်မာနိုင်ငံတွင် လူသိအများဆုံးနှင့် လူကြိုက်အများဆုံး အနောက်တိုင်းသံတမန်အဖြစ် ထမ်းဆောင်ခဲ့သည်။ သူသည် ယခုအခါ အမျိုးသား ဒီမိုကရက်တစ် အင်စတီကျု National Democratic Institute တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။