" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂျီနိုဆိုဒ်. Show all posts
Showing posts with label ဂျီနိုဆိုဒ်. Show all posts

Thursday, December 2, 2021

ရိုဟင်ဂျာ ဂျီနိုဆိုဒ်အမှု အာဂျင်တီးနား တရားရုံး ကြားနာ မည်

ဧရာဝတီ
30 November 2021 

Burmese Rohingya Organisation UK ဥက္ကဋ္ဌ ဦးထွန်းခင် (ဝဲ) နှင့် တရားလိုရှေ့နေ သောမတ် အိုဂျေး ကင်တားနား (ယာ)

 မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုခံရသည့် ရိုဟင်ဂျာများက တင်သွင်းသည့် လူမျိုးတုန်း သတ်ဖြတ်မှုကို စစ်ဆေးရန် အာဂျင်တီးနား တရားစီရင်ရေးက သဘောတူလိုက်သောကြောင့် ကျူးလွန်ခံရသူများ နှင့် ၎င်းတို့အတွက် လိုက်ပါဆောင်ရွက်နေသူများက ထိုဆုံးဖြတ်ချက်သည် စစ်ဗိုလ်ချုပ်များကို ဥပဒေ အရအရေး ယူရန် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြိုဆိုကြသည်။ ထိုအမှုကို ဗြိတိန်အခြေစိုက် ရိုဟင် ဂျာအဖွဲ့တခုနှင့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်အုပ်စု၏ ဖြိုခွဲမှုအတွင်း လွတ်မြောက်လာသူ အမျိုးသမီး ၆ ဦးက စွဲဆိုခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာစစ်တပ်သည် လက်နက်ကိုင် အုံကြွတိုက်ခိုက်မှုကို ဖြိုခွင်းနှိမ်နင်းသောစစ် ဆင် ရေးတွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကိုလည်း မုဒိန်းကျင့် ကာ ကြာမြင့်စွာ ဖိနှိပ်ခံ နေရသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် ၇ သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */