VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 အောက်တိုဘာ၊ 2020
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေ ဖြည်ဆည်းပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး လှူဒါန်းမှာ ဖြစ်ကြောင်း နိုင်ငံတကာက အလှူရှင်နိုင်ငံတွေက ကတိပြုလိုက်ကြပါတယ်။ ဒီ ကတိပြု ချက်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးရေး ငွေကြးလိုအပ်ချက် ကွာဟနေတာကို ဖြည့်ဆည်း ပေးနိုင်လိုက်ပြီ ဖြစ်ပါတယ်။