" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မေယုနယ်ခြားခရိုင်. Show all posts
Showing posts with label မေယုနယ်ခြားခရိုင်. Show all posts

Sunday, October 2, 2022

မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသော "မေယုနယ်ခြား ခရိုင်"

ဧရာဝတီ
13 May 2016

မေယုနယ်ခြားခရိုင်သည် နယ်ခြားအုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားသော ခရိုင်ဖြစ်၏။ နယ် ခြား အုပ်ချုပ်ရေးကို နိုင်ငံအစိုးရက ပြဋ္ဌာန်းကြေညာပြီးနောက် မေယုနယ်ခြားခရိုင်ကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် အကြောင်းကြောင်း တို့ကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ ၁၉၆၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင်မှစ၍ ထိရောက်သော အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့လေသည်။

မေယုနယ်ခြားခရိုင်သည် အရှေ့ပါကစ္စတန်နှင့် မြန်မာနိုင်ငံစပ်ကြားတွင် တည်ရှိသည်။ နတ်မြစ်အားဖြင့် နယ်နိ မိတ် သတ်မှတ်ထားလျက် ရှိပါသည်။ မေယုနယ်ခြားခရိုင်သည် အနောက်ဖက်လားသော် အရှေ့ပါကစ္စတန်၊ အ ရှေ့ဖက်လားသော် မယူမြစ် စိုင်တင်ချောင်း အားဖြင့်၎င်း၊ တောင်ဖက်လားသော် ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလား အော် တို့ဖြင့်၎င်း၊ မြောက်ဖက်လားသော် အရှေ့ပါကစ္စတန် အားဖြင့်၎င်း ပိုင်းခြား သတ်မှတ်ထား၏။ ယခင် ရခိုင် တိုင်း စစ်တွေခရိုင် အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ်နှင့် ရသေ့တောင် အနောက်မြောက် မြို့ နယ်များ ပါဝင်သော ဒေသဖြစ်သည်။ မယူတောင်တန်းကို ဗဟိုပြု၍ မယူမြစ်နှင့် နတ်မြစ်ကြားရှိ နေရာများသည် မေယုနယ်ခြား ခရိုင်အတွင်း ပါဝင်လေသည်။ မေယုနယ်ခြားခရိုင်သည် တောအထပ်ထပ်၊ တောင်အလျှိုလျှို၊ မြစ် ချောင်းအင်းအိုင်များဖြင့် ရောယှက် ဝန်းရံလျက်ရှိသော ဒေသတခုဖြစ်၏။ မြောက်ဘက်တွင် မြင့်၍၊ တောင်ဘက် သို့ ဆင်ခြေလျှော တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ စိုင်တင်တောင်နှင့် မယူတောင်တန်းဟူ၍ တောင်တန်း နှစ် ခုရှိပြီးလျှင် မယူမြစ်နှင့် နတ်မြစ်တည်း ဟူသော ထင်ရှားသည့်မြစ် နှစ်သွယ်ကလည်း မြောက်ဘက်မှ တောင် ဘက် သို့ စီးဆင်းလေသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */