လွတ်လပ်တဲ့ အာရှအသံ
2019-05-16
ပိတ်ထားတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က အစ္စလာမ်ဝတ်ပြုဆောင်ကို ၂၀၁၉ မေ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA
Photo: Kyaw Zaw Win/RFA
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင် ၃ခုကို ပိတ် ပေးဖို့ မနေ့ညက အုပ်စုဝိုင်းဖွဲ့ပြီး ခြိမ်းခြောက်ဖိအားပေး တောင်းဆိုခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဦးဆောင်ပါ ၀င်ခဲ့သူတွေ ထဲက တစ်စုံတစ်ယောက်ကို အရေးယူထားတာမရှိကြောင်း တောင်ဒဂုံမြို့နယ် မြို့မစခန်းမှူး ဦးစိုးဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။