" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖမ်းဆီး. Show all posts
Showing posts with label ဖမ်းဆီး. Show all posts

Thursday, April 25, 2019

ဖမ်းခံရတဲ့ မြောက်ဦးဒေသခံ သုံးဦးသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
25 ဧပြီ၊ 2019
နိုင်ကွန်းအိန်



AA အဖွဲ့နဲ့ ပက်သက်ဆက်နွယ်နေတယ်ဆိုပြီး မြောက်ဦးမြို့နယ် လက္ကာရွာအတွင်းက တပ်မတော် ကမသ င်္ကာ လို့ ဖမ်းဆီးသွားတဲ့ လူ(၂၇)ဦးထဲက (၃)ဦးသေဆုံးသွားတယ်လို့ တပ်မတော်ဘက်က ပြောဆိုပါတယ်။ ဒီသေဆုံးမှုအတွက် အကြောင်းရင်းမှန်သိရအောင် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့စုံစမ်းသွားမယ်လို့လဲ လွှတ်တော်အကြီးအကဲတွေက ပြောပါတယ်။ မိသားစုဝင်တွေကတော့ ရောဂါကြောင့်သေတာမဟုတ် နိုင် ဘူး လို့ သံသယရှိနေကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

Tuesday, April 2, 2019

စစ်ရေးလိုအပ်ချက်အရဆိုပြီး အေအေက ဆုထူးစံ ဝန်ထမ်းတွေကို ဆက်ဖမ်းထား

B  B  C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ  ၂ ရက် ၂၀၁၉
 

ဆုထူးစံကုမ္ပဏီက ဝန်ထမ်းတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဟာ စစ်ရေး လိုအပ်ချက်အရဖြစ်ပြီး၊ အစိုး ရစစ်တပ်နဲ့ အဆက်အစပ်မရှိတာ စစ်ဆေးတွေ့ရှိရင် ပြန်လွှတ်ပေးမယ်လို့ ရခိုင်လက်နက်ကိုင် အေအေအ ဖွဲ့က ပြောပါတယ်။

Monday, March 25, 2019

ရေတာရှည်​မြို့နယ်​တွင် တရားမ၀င်​ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ

DVB
By ဒီဗွီဘီ
25 March 2019
ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူခရိုင်​ ​ရေတာရှည်​မြို့နယ်​ ဂုံမင်းကွင်း​ကျေးရွာအုပ်​စု သာဂရ-ကိုးပင်​လမ်း၊ ၆ မိုင်​ သစ်​​တောစစ်​​ဆေး​ရေးဂိတ်​မှာ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၄ ရက်နေ့ နေ့လယ်က ပဲခူးတိုင်း​ဒေသကြီးသစ်​​တောဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်​​တောဝန်​ထမ်းများ၊​ ရေတာရှည်​သစ်ေ​တာဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်​​တောဝန်​ထမ်းတွေဟာ သာဂရ-ကိုးပင်လမ်း​မှာ တရားမ ဝင်​သစ်​တွေ ဖမ်းဆီးနိုင်​​ရေးရေး နယ်​​မြေရှင်းလင်းရာကနေ မ​ကွေးတိုင်း​ဒေသကြီးဘက်​က ​မောင်းနှင်​လာ​တဲ့ 9C/8257 GRANVIA ​ ​မော်​​တော်​ယာဉ်​ကို ရပ်​တန့်​ရှာ​ဖွေရာက ဖမ်းဆီးမိခဲ့တာပါ။

ဘင်္ဂါလီ ၂၅ ဦးအား ရန်ကုန်သို့ပို့ဆောင်ရန် ခေါ်ဆောင် လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား ရေတာ ရှည်မြို့နယ် သာဂရ-ကိုးပင်ကားလမ်းတွင် ဖမ်းဆီးရမိ

ELEVEN
Published 25 March 2019
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမကားလမ်းမပေါ်တွင် မတ်၂၄ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ၂၅ ဦးအား ရန်ကုန်သို့ ပို့ဆောင်ရန် သယ်ဆောင်လာသူသုံးဦးအပါအဝင် စုစုပေါင်း ၂၈ ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။

Saturday, March 23, 2019

မောင်တော၌ ကျပ်သိန်း သုံးသောင်းလေးထောင် ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

မြန်မာတိုင်းမ်
ကျော်ကြီး 23 Mar 2019 | မြန်မာတိုင်းမ်နေ့စဉ်


                                       အေးမင်းအောင်နှင့်သက်သေပစ္စည်းများ

ဓာတ်ပုံ -မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အင်းဒင်စစ်ဆေးရေး ဂိတ်၌ ကျပ်သိန်းသုံးသောင်းလေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း မူး ယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်းပေးလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုဟင်ဂျာတချို့ ကို အာဆာ ဖမ်းဆီးခဲ့။

B  B  C
ဘီဘီစီ မြန်မာပိုင်း
2019 မတ် 23 ရက်

 ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အာဆာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နယ်စပ် စခန်းတွေထဲက ဒုက္ခသည်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ေ ဆာင် တာ တွေ၊ ထိန်းသိမ်းတာတွေ၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်တာမျိုးတွေ လုပ်နေတယ်လို့ Fortify Rights လူ့အ ခွင့်အရေး ဆိုင်ရာအဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါ တယ်။ 

Friday, March 15, 2019

ရခိုင်မှာ အစိုးရတပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေ ဆက်လက်ဆိုးရွားနေပြီး ဖမ်းဆီးမှုတွေရှိနေ

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉-၀၃-၁၅


မတ်လ ၁၄ ရက်က မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကားတန်းကို အေအေက မိုင်း ခွဲ တိုက်ခိုက်ရာကနေ တပ်က ပြန်ပစ်လို့ အနားက ရွာသုံးရွာထဲ လက်နက်ကြီး ကျည်ဆံတွေ ထိမှန်ပျက် စီးခဲ့ ပါတယ်။

Wednesday, March 13, 2019

တပ်မတော်ဘက်က ၁၁ ဦးကို AA ဖမ်းဆီးစစ်ဆေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-12

                                 AA က သိမ်းဆည်းရမိတဲ့ အစိုးရတပ်ရဲ့ စစ်လက်နက်အသုံးအဆောင်တွေကို တွေ့ရစဉ်


ရက္ခိုင့်တပ်မတော်က ဖမ်းဆီးရမိထားတဲ့ အစိုးရတပ်မတော်ဘက်က သုံ့ပန်း ၁၁ ယောက်ကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က RFA ကို ပြောပါတယ်။

Thursday, February 28, 2019

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ထွေအုပ်လပတ်အစည်းအဝေးလုပ်နေရာမှ ရဲက ခေါ်ဆောင်သွား

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လ ပတ် အစည်းအဝေး ပြုလုပ်ရာနေရာမှ ရဲက ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်ခြင်းခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးမှာ ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး၊ ပေါက်ပင်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်ဆည်ပြင် ကျေးရွာ အုပ်ချုပ်ရေး မှူးတို့ ဖြစ်ကြောင်း သိရသည်။

Wednesday, February 27, 2019

AA က ဖမ်းသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့စခန်း မှူး ပြန်လွတ်လာ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-27

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာစဉ်

အခုလ ၂၂ ရက်နေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် AA ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာပြီး ဒီနေ့ ညနေ ၅ နာရီခန့်မှာ သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

Monday, February 25, 2019

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား သိန်းပေါင်း နှစ်သောင်းဖိုးခန့် ဖမ်းမိ





တိုးဝေအောင် 24 Feb 2019 မြန်မာတိုင်းမ်အပတ်စဉ်


ဖမ်းဆီးရမိသူသုံးဦးကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။
                                                           ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ကျပ်သိန်းပေါင်းနှစ်သောင်းဖိုးခန့်ကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

Tuesday, February 19, 2019

ပလက်ဝ က စစ်ရှောင် ၁၁ ဦးနဲ့ အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်းအက်ဥပဒေနဲ့ စွဲချက်တင်


ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခုဖေဖေါ်ဝါရီလ(၁၉)ရက်


ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာက စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၁၁ ယောက် အပါအဝင် ရခိုင် ပြည်နယ် ကျောက်တော်မြို့က အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်း (အက်) ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့နဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ကျောက်တော်မြို့နယ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

"မနေ့က တရားစွဲတင်တာ၊ ဖမ်းတုန်းက ၂၆ ယောက်ပါ။ ၁၃ ယောက်ကို ၁၇ (၁)၊ ၁၇ (၂) နဲ့ စွဲတင်တယ်။ ဖမ်းဆီးထားသူတွေရဲ့ လက်ထဲကတော့ ဘာမှမိတာ မရှိဘူး။ 

Friday, February 15, 2019

အထက်မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၄၃ ဦး ဖမ်းဆီးရမိ

DVB
By ဒီဗွီဘီ
15 February 2019


မ​ကွေးတိုင်း​ဒေသကြီး၊ အထက်​မင်းလှမြို့နယ်​၊ ရေနံမ ရဲစခန်း အပိုင်​နယ်​​မြေအတွင်း ​တောထဲပုန်းခို​နေတဲ့ အ​ထောက်​ထားမယ့် ဘင်္ဂါလီ ၄၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေ​ဖော်​ဝါရီ ၁၃ ရက်​​ ညက ​တောထဲမှာ ပုန်းခို​နေတဲ့ အ​ထောက်​အထားမရှိတဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးရမိ ခဲ့တာလို့ ရေနံမနယ်​​မြေရဲစခန်းမှူး ရဲအုပ်​မျိုးမင်းထွန်းကပြောပါတယ်။

Thursday, February 14, 2019

မလေးရှားသွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံရ

VOA
14 ဖေဖော်ဝါရီ၊ 2019, ဗွီအိုအေ (မြန်မာပိုင်း)

 ဧပြီ ၂၀၁၈ တုန်းက မလေးရှားသွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာများ

မလေးရှားနိုင်ငံကို ရေကြောင်းကနေသွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၄၃ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့  က တားဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့ အမျိုးသမီး တွေ ကတော့ လူမှောင်ခိုတွေက ဖမ်းဆီးတာ ခံရကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

Tuesday, November 22, 2016

( 22.11.2016 ) ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား (၁၀) ဦး ဖမ်းဆီးရမိ နှာခေါင်းတို ရဲကင်းစခန်းအနီး လူတစ်စု ချဉ်းကပ်လာ၍ ပစ်ခတ် ရှင်းလင်းခဲ့ ( English - Burmese )


ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား (၁၀) ဦး ဖမ်းဆီးရမိနှာခေါင်းတို ရဲကင်းစခန်းအနီး လူတစ် စု ချဉ်းကပ်လာ၍ ပစ်ခတ် ရှင်းလင်းခဲ့

မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုး အနီးသို့ ည ၁၂ နာရီ မိနစ် ၅၀ တွင် မသင်္ကာဖွယ် လူအုပ်စု တစ်စုချဉ်းကပ်လာသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ် ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးအား တွေ့ရှိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ် သေကံ ကျေးရွာအတွင်း အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ၀င်ရောက် ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဆက်စပ် ပါဝင်သည်ဟု သံသယရှိသည့် အဒူ ကာဒီ (၆၁) နှစ်၊ (ဘ) အဒူ ဂေါဖောရ် ပါ (၁၀) ဦးအား ဖမ်းဆီးရမိခဲ့သည်။

-------------------------

Ten suspects arrested in Buthidaung Township

Security police found a suspected group approaching the fence of No.8 Na Khaung To border guard police outpost in Maungtaw at 12:50 am Tuesday and opened fire.

Due to the action of the security force, the group retreated. The security police found a dead body with a wound to the chest while conducting area clearance operation near the outpost, according to the Information Committee of the State Counsellor’s office.

Meanwhile, 10 people including Adu Kardi, 61, who are suspected of involvement in violent attacks, were arrested in Thay Kan village in Buthidaung Township by No.3 border guard police while clearing the area.


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */