" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်သောင်းကျန်းသူ. Show all posts
Showing posts with label ရခိုင်သောင်းကျန်းသူ. Show all posts

Friday, April 24, 2015

အောင်လံချောင်းကျေးရွာ အနီး တပ်မတော်စစ် ကြောင်းနှင့် ရခိုင်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွား၊ ရခိုင် သောင်းကျန်းသူ သုံးဦးအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ

နေပြည်တော် ၊ ၂၄-၄-၂ဝ၁၅
တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်း ကျန်း သူ များ အား ထက်ကြပ် လိုက် လံ ရှင်း လင်း လျက် ရှိရာ ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် အောင်လံချောင်း ကျေးရွာ အနောက် မြောက် ဘက် မီတာ ၅ဝဝ ခန့် အကွာ ၌ ရခိုင် သောင်းကျန်းသူ အင် အား အ ချို့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ် ပွားပြီး သောင်းကျန်းသူ များ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။
ဖြစ် စဉ် တွင် ရခိုင် သောင်းကျန်းသူ တပ်သား အဆင့်ရှိ မောင်ကျော်သိန်း ၂၅ နှစ် (ဘ) ဦးထွန်းစိန်အား အမ် (၂၂) တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၅ဝ တောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ အီကွေးမန့် တစ်စုံ တို့နှင့်အတူ ဖမ်းဆီးရမိပြီး ပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းရာ အမ်(၂၂) တစ်လက်၊ ကျည်အိမ် တစ်ခု နှင့် ကျည် ၅ဝ တောင့်အား သိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ တပ်မတော် စစ်ကြောင်းက ရခိုင် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းရာ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် နေရာ၏ အရှေ့မြောက် ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ တဲတစ်လုံး အား ရှင်းလင်းစဉ် ရခိုင် သောင်းကျန်းသူ တပ်သား အဆင့်ရှိ မောင်သန်းဝေ ၂၆ နှစ် (ဘ) ဦးသာထွန်းဦး နှင့် ထွန်းစိုးနိုင် ၂၃ နှစ် (ဘ) ဦးထွန်းဦးဖြူ တို့ နှစ် ဦး အား ထပ်မံ ဖမ်းဆီးရမိပြီး ၄င်းတို့နှင့်အတူ အမ်(၂၂) တစ်လက်၊ စက်ကလေး တစ်လက်၊ ကျည်အိမ် ခြောက်ခု၊ ကျည် ၁၆ဝ တောင့်၊ လက်ပစ်ဗုံး လေးလုံး နှင့် အီကွေးမန့် နှစ်စုံ တို့အား သိမ်းဆည်း ရမိခဲ့သည်။
ရခိုင်ပြည်နယ် ပလက်ဝဒေသ အတွင်း တပ်မတော် စစ်ကြောင်း များက ရခိုင် သောင်းကျန်းသူများ ခိုအောင်း လှုပ်ရှားလျက် ရှိသည့် နေရာများအား ဆက်လက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁ဝဝ)
#Themyawadydaily

Thursday, April 23, 2015

တပ်မတော်စစ်ကြောင်း နှင့် ရခိုင်သောင်း ကျန်းသူ များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရခိုင်သောင်းကျန်း သူ နှစ်ဦး ထပ်မံဖမ်းဆီးရမိ

နေပြည်တော် ၊ ၂၃-၄-၂၀၁၅
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက် ပြုနေသည့် ရခိုင် သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်းများ က ထက်ကြပ် လိုက်လံ ရှင်းလင်းလျက် ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့် တွင် ပိန္နဲချောင်းရွာ အနောက် မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ ရခိုင် သောင်းကျန်းသူ အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး သောင်းကျန်းသူ များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။
ဖြစ်စဉ်တွင် ရခိုင် သောင်းကျန်းသူ တပ်သားအဆင့် ရှိ ကျော်နိုင် ၃၅ နှစ်နှင့် မောင်ဘအေး ၂၆ နှစ်တို့အား အမ် (၂၂) နှစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၅ဝ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ အီကွေးမန့် နှစ်စုံ၊ ပြောက်ကျား ကျောပိုးအိတ် နှစ်လုံး၊ Sony ကင်မရာ တစ်လုံးတို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။
ထို့အတူ တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်းကျန်းသူ များ ခိုအောင်း နိုင်သော နေရာများအား ရှင်းလင်း ဆောင်ရွက်ရာ ညနေပိုင်းတွင် ပိန္နဲချောင်းရွာ ၏ အနောက် မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာ၌ ရခိုင် သောင်းကျန်းသူများ ခိုအောင်း နေထိုင်ခဲ့သည့် တဲ ၁၆ လုံးကို တွေ့ရှိရပြီး ၄င်းတဲများမှ TNT ယမ်း ၆ဝ ထုပ်၊ Laptop Computer တစ်လုံး၊ လေးလုံးပါ ဓာတ်ခဲအသေး ၃၆ဝ ကတ်၊ အိုင်ကွန် အားသွင်းစက် လေးလုံး၊ တရုတ် စစ်ကျောပိုးအိတ် ၃၄ လုံး၊ တရုတ် ဘေးလွယ်အိတ် ၃ဝ လုံး၊ ချိတ်ခါးပတ် ၃ဝဝ ချောင်း၊ စစ်ခြေအိတ် ၂ဝဝ စုံ၊ ချွေးသုတ်ပဝါ ၁၂ဝ ထည်၊ ဟန်းကော ခြောက်လုံး၊ မြေကျင်းတူး မြှုပ်ထားသည့် ဆန်ခြောက်အိတ်၊ စားအုန်းဆီ ငါးပိဿာ၊ ဆား ၁ဝ ပိဿာ၊ ငါးနီတူခြောက် ငါးပိဿာနှင့် စာရွက်စာတမ်း များကို လည်းကောင်း၊ ပိန္နဲချောင်းရွာ ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးရှို့ ဖျက်ဆီးထားသည့် ရိက္ခာဂိုဒေါင် တဲတစ်လုံးအား တွေ့ရှိရပြီး အနီး ပတ်ဝန်းကျင်မှ အီကွေးမန့် ၁ဝ၇ စုံ၊ လည်တို ဖိနပ် ၇ဝ ရန်၊ မိုးကာစ တစ်လိပ်၊ ဆန် ၁ဝ၅ အိတ်၊ ဆား တစ်အိတ် နှင့် ငါးပိ လေးအိတ် တို့ကို လည်းကောင်း ရှာဖွေ သိမ်းဆည်းရမိ ခဲ့သည်။
တပ်မတော် အနေဖြင့် ဖမ်းဆီး ရမိသော ရခိုင် သောင်းကျန်းသူ များထံမှ သတင်းဆက် ဖော်ထုတ်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် ရခိုင် သောင်းကျန်းသူ များအား ဒေသခံပြည်သူ များနှင့် ပူးပေါင်းပြီး အမြစ်ပြတ် ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)
#Themyawadydaily
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */