Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, February 22, 2021

ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ CRPH ကြေညာ

VOA
VOA (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2021


စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ လုံခြုံမှုရှိစေရေးအတွက် အဖွဲ့ဝင် အနည်းဆုံး ၁၁ ဦးပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အဆင့်ကနေ စတင်ဖွဲ့စည်းမှာ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကြေညာလိုက်ပါတယ်။

Monday, February 15, 2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို Bhasan Char ကျွန်းသို့ ဆက်လက်ပို့ဆောင်မည်

 VOA
ဗွီအိုအေ( မြန်မာပိုင်း)
15 ဖေဖော်ဝါရီ၊ 2021  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။  
 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက နောက်ထပ် ရိုဟင်ဂျာမွတ်စလင် ၃၀၀၀-၄၀၀၀ ကျော်ကို လာမယ့် နှစ် ရက်အတွင်း Bhasan Char ကျွန်းကို ထပ်ပြီး ပို့ဆောင်ဖို့ရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူနှစ်ဦးက တနင်္ဂနွေ နေ့က ပြောကြားလိုက်တယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ ဝေးလံခေါင်ဖျားမှာရှိနေတဲ့ ဘင်္ဂလားပင် လယ်အော်ထဲက အဲဒီကျွန်းမှာ မုန်းတိုင်းတွေနဲ့ ရေကြီးမှု အန္တရာယ်တွေ အတွက် စိုးရိမ်မှုတွေရှိနေပေမယ့် ဘင်္ဂ လားဒေ့ရှ်အစိုးရဘက်ကတော့ ဒုက္ခသည်တွေပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတာပါ။

Friday, February 5, 2021

မြန်မာ့အရေး လုံခြုံရေးကောင်စီတောင်းဆိုချက်အတွက် တရုတ်ရှင်းလင်းချက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)

Friday, January 29, 2021

ဒုက္ခသည်စခန်းက ရိုဟင်ဂျာ၂၀၀၀ ကနေ ၃၀၀၀ အထိ ဘာဆန်ချာကျွန်းကို ထပ်ပို့မယ်

B B C 

Editor
ဇန်နဝါရီ (၂၈) ရက်၊၂၀၂၁။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာ သုံးထောင်နီးပါးကို အခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းကို ထပ်ပို့မယ်လို့ ရေတပ်ဗိုလ်မှူးချုပ် အယ်လ်မာမမ်ချိုဒါရီက ရိုက်တာသ တင်းဌာနကို ဇန်နဝါရီ (၂၇)ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဘာဆန်ချာကျွန်းဟာ လွန်ခဲ့တဲ့နှစ် (၂၀)ကမှ ပင်လယ်ထဲကနေ ကျွန်းအဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မုတ်သုံရာသီ မှာ ရေမြုပ်တတ်တဲ့ကျွန်းဖြစ်လို့ လူ့အခွင့်အရေးသမားတွေက ရိုဟင်ဂျာတွေကို ဒီကျွန်းပေါ်ပို့တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်းကိုရေကြီးတာကနေ ကာကွယ်နိုင်ဖို့အတွက် ၁၂ ကီလိုမီတာ ( ၁.၅ မိုင်) ရှည်လျားတဲ့ တာတမံကို လည်း ဆောက်လုပ်ပေးထားတာကြောင့် ဘာမှစိုးရိမ်စရာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက တုံ့ပြန် ထားပါတယ်။

Friday, January 22, 2021

ရိုဟင်ဂျာတွေကို ကျေးရွာအုပ်စုအလိုက်ပြန်လက်ခံရေး ထပ်မံဆွေးနွေးဖို့ရှိ

 B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဇန်နဝါရီ ၂၀၂၁

ရိုဟင်ဂျာ ဒုက္ခသည်တွေကို စစ်တကောင်းက ရေလယ်ကျွန်း ဘာဆန်ချားကို စစ်သင်္ဘောနဲ့ ပို့ဖို့ ၂၀၂၀ ဒီဇင်ဘာလကုန်က ပြင်ဆင်နေစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက် ခံရေး မှာ ကျေးရွာအုပ်စုအလိုက်ပြန်လည်လက်ခံရေးဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုချက်ကို ပြန်လည် ဆွေးနွေး ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဘီဘီစီကို ပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၉ ရက်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်၊ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေး လုပ်ခဲ့ပါတယ်။

Tuesday, January 19, 2021

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2021-01-18

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစု အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ လိုလားကြောင်း မလေးရှား နိုင်ငံရောက် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

ဇန်နဝါရီလ ၁၈ ရက် မနေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများရဲ့ ထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက လူမျိုးစု ခေါင်း ဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ် အချို့ အပါအဝင် တက်ရောက်သူ ၁၀၀ကျော် ရှိခဲ့ပါတယ်။

Saturday, January 16, 2021

မီးလောင်သွားတဲ့စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံ

VOA 
ဗွီအိုအေ (မြန်မာဌာန)  
မဆုမွန်
16 ဇန်နဝါရီ၊ 2021
 
မီးလောင်သွားတဲ့ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း အိမ်ရာတချို့ 
 
 
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ အိမ်ရာနဲ့ချီ မီးလောင်ကျွမ်းလို့ ထောင်ချီတဲ့ မီး
ဘေး ဒဏ်သင့်ဒုက္ခသည်အများအပြား ရာသီဥတုဒဏ်နဲ့ နေထိုင်ရေး စားနပ်ရိက္ခာပိုင်း အတော့်ကို အခက်တွေ့ နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက် သွယ်မေးမြန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် သိန်းချီခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘာဇားခရိုင်တွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက Nayapara Camp ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၁၄ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ တာပါ။

Thursday, January 14, 2021

ရိုဟင်ဂျာနေအိမ်အလုံး ၅၅၀ ကျော် မီးလောင်ပျက်စီး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
စောဖိုးခွား
2021-01-14

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့က မီးလောင်ပျက်စီးသွားသည့် နေအိမ်များ။
(Photo: UNHCR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်းမှာ ဒီကနေ့ မနက် အစော ပိုင်းက မီးလောင်ခဲ့လို့ ရိုဟင်ဂျာဒုက္ခသည် နေအိမ်အလုံးပေါင်း ၅၅၀ ကျော်ပျက်စီးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ကော့ဆက်ဘဇားခရိုင် တက်ခ်နက်မှာရှိတဲ့ နာရာပါရာ ဒုက္ခ သည် စခန်း အမှတ်(၅) ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင် ခဲ့ပါ တယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝ သစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေကြောင်းခရီး

B B C

ဘီဘီစီ မြန်မာပိုင်း

2020 Jan 14



ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝသစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေ ကြောင်း ခရီးနဲ့ မလေးရှားကိုသွားခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာသူတို့ ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ Source : BBC Facebook

Wednesday, January 13, 2021

နေရာအနှံ့တွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာအများအပြား ထဲမှ ၁၀၅ ဦးကို အကျဉ်းထောင်များမှ ပြန်လွှတ်ပြီး နေရပ် များသို့ ပြန်ပို့

rt
Rohingya Today
မျိုးသူရ
Jan 12, 2021


မောင်တော ။ ။ လူကုန်ကူးသူများ၏ စည်းရုံးလှုံ့ဆော်မှုကြောင့် ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာသွားသည့် ရိုဟင်ဂျာများကို ဒေသဆိုင်ရာ အာဏာပိုင်များက နေရာအနှံ့တွင် ဖမ်းဆီးပြီး အကျဉ်း ထောင် များတွင် ထိန်းသိမ်းထားခဲ့သည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများထဲမှ ရိုဟင်ဂျာ ၁၀၅ ဦးကို စစ်တွေမြို့မှ တဆင့် နေ ရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ဇန်နဝါရီလ (၁၂) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာသို့ ၄၉ ဦး ပြန်လည် ရောက်ရှိလာခဲ့သည်ဟု မြို့ခံများက Rohingya Today သို့ပြောသည်။ ၄၉ ဦးတွင် မောင်တောမြို့နယ် မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၂၃) ဦး၊ ဘူးသီးတောင်မြို့နယ်မှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၁၀) ဦး တို့ ဖြစ်ကြ သည်။ ဘူးသီးတောင်မြို့နယ် ၁၈ ဦးကို ရပ်မိရပ်ဖ ဦးရော်ဖိခ်ထံ အပ်နှံခဲ့ပြီး၊ မောင်တောမြို့နယ်မှ (၃၁) ဦးကို ကြယ်လတည်းခိုရိပ်သာနှင့် စိန်ကမ္ဘာ တည်းခိုရိပ်သာတို့တွင် ထားရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူ ရော်မန်ထံ အပ်နှံခဲ့သည်။

Wednesday, January 6, 2021

ရိုဟင်ဂျာတွေကို ဒီနှစ်အစောပိုင်း မြန်မာပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် လိုလား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ မျှော်လင့် ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားတယ်လို့ ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က ပြောပါတယ်။

ကုလသမဂ္ဂမှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြု ချမှတ်ပြီး ရက်ပိုင်းအတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အခုလို ပြောကြားလိုက် တာပါ။

Monday, January 4, 2021

ရိုဟင်ဂျာတွေ ပြန်ပို့မယ့်အစီအစဉ် အခုနှစ်အတွင်း စတင် လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်စာပို့

VOM 

မျိုးဆက်၊ဒါကာ၊ (VOM)
Ref:bdnews24
ဇန်နဝါရီ ၄-၂၀၂၁

                                                                      Photo: bdnews24

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန့်ပို့မယ့်လုပ်ငန်းစဉ်ကို ဒီနှစ်ထဲမှာ စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အေကေအဗ္ဗဒူမိုမန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ဆုတောင်းစာမှာ ထည့်သွင်း ပြော ကြားခဲ့ပါတယ်။


ရိုဟင်ဂျာပြဿနာဟာ မိမိတို့အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး အခုနှစ်အတွင်းမှာ ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ဖို့ မျှော်လင့်ထားကြောင်း မိုမန်က ဇန်နဝါရီ ၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ဒီလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီး နှစ်အတန်ကြာကတည်းက ကြိုးစားနေခဲ့ရပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့စာထဲမှာ ဒုက္ခ သည်ပြန်ပို့ရေးအစီအစဉ် စတင်လိုတယ်လို့ ထည့်သွင်းရေးသားခဲ့တယ်လို့ သူကဆိုပါတယ်။

Wednesday, December 30, 2020

ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် Bhasan Char ကျွန်း ကိုရောက်ရှိ

 ကိုရိုနာ ဗိုင်းရပ်စ် မျိးဗီဇဖွဲ့ စည်းပုံ ဆင့်ကဲပြောင်းလဲလာတဲ့နေရာမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက် လာတဲ့ သဘောတွေ့ရကြောင်း ယူကေရောက် မြန်မာသမားတော်တဦးကပြောကြားလိုက်တာနဲ့အတူ လွှတ်တော်သစ် မတိုင်ခင် ရခိုင်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး အလားအလာရှိမရှိ၊ တရားမဝင်မြန်မာလုပ်သားတချို့ ထိုင်းအ လုပ်ရှင်တွေရဲ့ စွန့်ပစ်ခံရတဲ့ သတင်းပေးပို့ချက်၊ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ ကမ္ဘာတလွှား ခရီးသွား စတဲ့ အစီအ စဉ်တွေကို နားဆင်ရမှာပါ။ 

Monday, December 28, 2020

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

Thursday, December 10, 2020

Bhasan Char ကျွန်းမှာ အဆင်ပြေအောင် ကြိုးစားနေထိုင် နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ

VOA
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2020


 

Bhasan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဗွီအိုအေ (မြန်မာဌာန)
 
 

ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းကို ရောက်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရောက်ရှိတဲ့ နေရာသစ်မှာ အဆင်ပြေအောင် နေထိုင်နေကြတယ်လို့ ဗွီအိုအေ ဘင်္ဂလာ ဌာနကို ပြောပါတယ်။ VOA သတင်းထောက် Muazzem Hossain Shakil ရဲ့ သတင်းလွှာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
Link : Here

Tuesday, December 8, 2020

ဘာရှန်ချာကျွန်းပေါ်ပြောင်းတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို အရင်ဆုံးပြန်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို

VOM 

ဒါကာ၊ ဒီဇင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)




ကော့ဘဇားဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်အတွင်းရှိ ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ထား တာ ဟာ ယာယီအစီအစဉ်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်ရင် ဒီကျွန်းပေါ်ကလူတွေဟာ ပထမသုတ်အဖြစ် အရင်ပြန်ရဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */