ဘာသာပြန်ပြုစုသူ -လူထုဝဏ္ဏ
بسم آللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيم
မပြတ်မစဲသနားကြင်နာတော်မူထသော၊ အနန္တ ကရုဏာရှင် ဖြစ်တော်မူထသော အလ္လာဟ်ရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏။
မော်လာနာ ပီရ် မူဇာပ္ဖော်ရ် သခင်ကြီး (၁၉၂၇-၂၀၀၆)

မာဟေ့နာမာ "خق نواے احتشام " ၏ ကာရီဟောင်း ဟာဖေ့ဇ် အေဇာဇ် (ဘ) ဆော် ဖော်ရ် အာလီ (ခေတ္တ-မက္ကာဟ်မြို့) က ဖုန်းဖြင့် သတင်းပို့ခဲ့သည်မှာ ၂၁ ဇူလ်ဟဂ်ျဂျာဟ်လ၊ ၁၄၂၆ခု ဟိဂျရီ ( ၂၂ ဇန္နဝါရီလ၊ ၂၀၀၆)၊ တနင်္လာနေ့ အာဆွရ် နာမာဇ်အပြီးတွင် မူဆလင် ကမ္ဘာ၏ မှတ်တိုင်ကြီး၊ ဟဇရသ် မော်လနာ ဟူစိန်းအဟ်မတ် မဒ်နီ၏ နောက်ဆုံး ခလီဖွာ တပည့်တော်၊ ဒါရုလ်အုလုမ် ဒီယောဗောန်တက္ကသိုလ် ဆင်း၊ ဂျာမီယာ ရီယာဒုလ် အုလုမ် တက္ကသိုလ်၊ ဘူးသီးတောင်၏ အုပ်ချုပ်ရေးမှူး၊ မြန်မာပြည် ဟဒီးစ် ပါမောက္ခချုပ်၊ မြန်မာပြည် အာလင်မ် ပညာရှင်တို့၏ ရှေ့ဆောင် မီးရှုးတိုင်သည် ကြွေလင့်သွားပါပြီ။ "انا لله وانا اليه راجعون" အိန္နာ လိလ္လာဟိ ဝအိန္နာ အီလိုက်ဟိ ရာဂျေအူန်။
မစ်ဂျီဒေ့ ဟေရာမ်တော်တွင် နောက်ဆုံး နုမားဇ်ဇေ့ ဂျနာဇာ ဝတ်ပြုခဲ့ပြီးနောက် ဂျန္နာသေ မာအ်လာ တစပြင်၌ ဒဖွနာဟ် သင်္ဂြိင်္ုဟ် မြေချခဲ့သည်။