" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မွတ်ဆလင်. Show all posts
Showing posts with label မွတ်ဆလင်. Show all posts

Saturday, January 8, 2022

ပေါက်တော သမိုင်းဝင်စေတီအတွက် မွတ်ဆလင် ၄ ရွာမှ ငွေကျပ် ၂၄ သိန်းကျော်လှူဒါန်း

Western News
ဇန်နဝါရီ ၈ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုင်းတုတ်ကျွန်း ပုဏ္ဏားကြီးကျေးရွာအုပ်စုတွင်တည်ရှိသည့် သမိုင်းဝင် လည်ဖူးတော်ဓာတ် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းဆောက်လုပ်မည့် စိုင်းတုတ်ကျွန်းဓမ္မတော်နှင့် ဘုရား ဝေယာဝိစ္စအတွက် စိုင်းတုတ်ကျွန်းရှိ မွတ်ဆလင်ကျေးရွာ ၄ ရွာမှအလှူရှင်များက ကျပ် ၂၄ သိန်း ကျော်လှူဒါန်း လိုက်သည်။

အဆိုပါ လယ်ဖူးတော်ဓာတ်စေတီတော်မြတ်အား ရက္ခိုင်ဘုရင်နိုင်ငံတော်ကျရှုံးစဉ် နန်းတွင်း ပညာရှိပုဏ္ဏား ညီ ကို ၂ ဦးက ရက္ခိုင်နန်းတွင်းပညာရှင်များနှင့် နွားလားဥဿပ အရွယ်အစားခန့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကျွန်း တွင်း ရခိုင်၊ မွတ်ဆလင်ကျေးရွာများက စေတီတော်အတွက်ပါဝင်လှူဒါန်းကြပြီး နှစ်စဉ်ဘုရားပွဲတော် အား ကျင်း ပကြ သည်ဟု ဒေသခံများကပြောသည်။

Friday, October 2, 2020

မြန်မာရဲ့ ကုလသမဂ္ဂမှာပြောဆိုချက် ရခိုင်၊ မွတ်စလင်နဲ့ ဟိန္ဒူခေါင်းဆောင်တွေ တုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-10-01

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နယူးယောက်မြို့ ကုလ သမဂ္ဂညီလာခံမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ၂ နိုင်ငံ သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်း၊ AA နဲ့ ARSA၂ ဖွဲ့လုံး ဘင်္ဂလား ဒေ့ရှ်မှာ ခိုလှုံနေကြောင်းနဲ့ ARSA အဖွဲ့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဟန့်တားနေကြောင်း စသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Friday, August 7, 2020

စစ်တွေမြို့နယ်တွင် မွတ်ဆလင်နှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများပြော

DMG
သက်ပိုင် | DMG
သြဂုတ် ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အတွင်းမြောင်ရွာအနီးတွင် သြဂုတ် ၃ ရက် ည ၁၀ နာရီကျော်အချိန်က မွတ်ဆလင်အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုတွင် သက္ကာယ်ပြင်ကျေးရွာနေ ကိုလိုလူယာဆိဒိခ် ၄၅ နှစ်မှာ ရင်ဘက်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးသွားခဲ့ကာ ရာဘာကွင်းဒုက္ခသည်စခန်းတွင်နေထိုင်သူ ကိုအာဘူးကာ ၃၅ နှစ်မှာ နောက်စေ့မှ ကျည်ဖောက်ဝင်ကာ ယာဘက်မျက်လုံးမှဖောက်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့ကြောင်း ကိုအာဘူးကာ၏ ယောက်ဖဖြစ်သူ ဦးရွှေမောင်ကဆိုသည်။

Wednesday, August 5, 2020

မွတ်ဆလင်တွေ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပိုကြိုးစားလာ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကျော်လွင်ဦး
2020-08-05
ရန်ကုန်မြို့ တာမွေမြို့နယ်က ဗလီမှာ ဝတ်ပြုနေတဲ့ မွတ်စလင်ဘာသာဝင်တွေကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA


လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတချို့က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေနဲ့ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေ  ပါဝင်နေပါတယ်။

လူနည်းစု ကိုယ်စားလှယ်တွေကို အကူအညီပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ “ခွင့်တူညီမျှ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ” က ပြုစုထားတဲ့ စာရင်းအရ မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၂၅ ဦး ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ၁၅ ဦးနဲ့ ရခိုင်ပြည်နယ်မှာ ၁၀ ဦးပါ။

Thursday, February 27, 2020

ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်လ် ဒိုက် က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်


TheVoiceWeekly Journal
26-Feb-2020
သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆


ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။

မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ၄၃ ကြိမ်မြောက် UNHRC အစည်းအဝေး ဂျီနီဗာတွင် ကျင်းပစဉ် ကြေ ညာ ခဲ့ခြင်း ဖြစ်သည်။

Wednesday, December 18, 2019

မလေးရှား မွတ်ဆလင် ထိပ်သီးအစည်းအဝေး Uighur အရေး ပါဖွယ်မရှိပေမယ့် ရိုဟင်ဂျာအရေး ပါဖွယ်ရှိ

VOA
18 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည်များ


မလေးရှားနိုင်ငံက ဒီသီတင်းပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မွတ်ဆလင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်း အဝေးတခုအတွင်း တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသက Uighur မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး တင်းတင်းမာမာ ပြောဆိုဖွယ်မရှိပေ မယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအရေးနဲ့ ပတ်သက် လို့ တော့ ပြစ်တင်ရှုတ်ချဖွယ်ရှိတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။ မြန်မာအစိုးရ ကိုယ်တိုင်က တော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်မပြုပါဘူး။

Saturday, September 28, 2019

ရခိုင်က မွတ်စလင် အယောက် ၃၀ကျော်ကို ဧရာဝတီတိုင်း မှာတွေ့

B B C
ဘီဘီစီ မြန်မာပိုင်း
28 September 2019
ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့အ၀င်မှာတွေ့ရတဲ့ မွတ်စလင် အယောက် ၃၀ ဟာ ရခိုင်ပြည်နယ် ဘက်က နေ လာတဲ့သူတွေဖြစ်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။

Monday, February 11, 2019

ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ် မဟုတ်သူ များကို ပါတီဝင်ခွင့် ပြည်ခိုင်ဖြိုး ကန့်သတ်


ရန်ကုန်၊ဖေဖော်ဝါရီ ၁၁ ။ ။ ရခိုင်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည့် တိုင်းရင်းသား မျိုးနွယ်မဟုတ်သူများနှင့် နိုင်ငံသားဖြစ်ခွင့် မရှိသူများကို ပါတီဝင်ရန် ခွင့်မပြုကြောင်းနှင့် ယခင် ရှိခဲ့သော ထိုကဲ့သို့ ပါတီဝင်များကိုလည်း ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန်းဝေက ပြောသည်။

Monday, February 4, 2019

အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦးကို မင်းတုန်းမှာ ဖမ်းဆီး

ပူးပေါင်းပိတ်ဆို့ရှာဖွေရေးအဖွဲ့က ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မွတ်ဆလင်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦး အပါအ၀င် ၁၂ ဦးကို ဒီနေ့ မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီးမှာ ဖမ်းဆီးရမိ
ခဲ့ တယ်လို့ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Sunday, November 20, 2016

( 20.11.2016 ) မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ၀ိုင်းဝန်းဆောင်ရွက်ဖို့ တိုက်တွန်း ( RFA Burmese )

RFA
လွတ်လပ်တဲ့ အာရှအသံ
2016-11-20

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နိုဝင်ဘာလ ၂၀ ရက်နေ့က မောင်တောမြို့နယ်က မွတ်ဆ လင်ကျေးရွာတွေကို သွားရောက်စဉ်

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မွတ်ဆလင်တွေပါ ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */