" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ငြင်းဆို. Show all posts
Showing posts with label ငြင်းဆို. Show all posts

Saturday, December 7, 2019

ICJ တွင် ဂမ်ဘီယာနိုင်ငံကတောင်းဆိုထားသည့် ကြားဖြတ် ဆောင်ရွက်ရေးတောင်းဆိုချက်များကို မြန်မာအစိုးရအနေ ဖြင့်ငြင်းပယ်ရန် ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

ELEVEN 7 DECEMBER 2019
ဉာဏ်လင်းထွန်း


ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုသည့် အမှုအတွက် အပြီးသတ်ဆုံးဖြတ်ချက်မချမီ ကြားဖြတ်စီမံ ဆောင် ရွက်ရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသော အချက်များကို သွားရောက်တရားရင်ဆိုင်မည့် မြန်မာအစိုး ရ အဖွဲ့အနေဖြင့် လက်မခံဘဲ ငြင်းပယ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တိုက်တွန်းသည်။

ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်း လိုက်လျောရန် မသင့်သည့် တောင်းဆိုချက်များဖြစ်ခြင်းနှင့် တရားရုံးက ဆုံးဖြတ်ချက်မချမီ အပြစ်ရှိသူကဲ့သို့ ကျော်လွန်တောင်း ဆို ချက် များဖြစ်၍ လက်ခံရန် မသင့်ဘဲ ငြင်းပယ်ရမည့်ကိစ္စဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

Tuesday, November 26, 2019

အိုင်စီဂျေအမှု၌ လက်နက်ကိုင်အုပ်စုများက အစိုးရကို ထောက်ခံကြမည်ဆိုသောသတင်း ကေအင်န်ယူငြင်းဆို

Frontier
MYANMAR
Tuesday, November 26, 2019
သောမတ်စ်ကင်း(န်) ရေးသားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဝဲ) နှင့် ကေအင်န်ယူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့အား အောက်တိုဘာ ၂၈ ရက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လေးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၌ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လူမျိုးတုံးသုတ်သင်ရှင်းလင်းခဲ့သည်ဟူသော စွပ်စွဲချက်များကို အစိုးရကတုံ့ပြန်ဆောင်ရွက်နေရာတွင် အင်န် စီအေ လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များက အစိုးရကို ကူညီရန် သဘောတူကြ သည်ဟူ
သော သတင်းကို ကေအင်န်ယူ အထက်တန်းအရာရှိများက ငြင်းဆိုလိုက်သည်။

Friday, November 15, 2019

ICJ အမှုကလွဲပြီး ICC နဲ့ အာဂျင်တီးနားအမှုကို မြန်မာဖြေ ရှင်းမည်မဟုတ်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သီဟထွန်း၊ သက်စုအောင်
2019-11-15
       နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင် ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦး ဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ICC စုံစမ်းမှု မှာ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီး ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တုန့်ပြန်ပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ် (ဒီဇင်ဘာလ ၂၂ ၂၀၁၈)

ရခိုင် မြောက်ပိုင်းဒေသအရေးကို ဖြေရှင်းရာမှာ တဖက်နိုင်ငံထွက်သွားသူတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂ လားဒေ့ရှ်အစိုးရက ပူးပေါင်း ဆောင်ရွက်ဖို့ထက် ဖိအားပေးတဲ့နည်းကို ပိုသုံးနေတာက ပြဿနာတွေကို ပြေ လည်သွားစေမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ပြီး မောင်းထုတ်လိုက်တဲ့ကိစ္စကို စတင် စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကြေညာချက်ထွက်ပေါ်လာအပြီး ပြောဆိုလိုက်တာပါ။ ဒီအ ကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

Friday, August 23, 2019

ရိုဟင်ဂျာ ပြန်ပို့ရေးအစီအစဉ် ကုလဝေဖန်

ဗွီအိုအေ (မြန်မာဌာနဗွီဒီယို
23 သြဂုတ်၊ 2019
ကိုရန်နိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာ နိုင်ငံဘက်က အခြေအနေတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အခု သီ တင်းပတ်ကစပြီး ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း၊ ဒုက္ခသည် တွေ တစ်ယောက်မှ ပြန်လာခြင်းမရှိတဲ့နောက် ကုလသမဂ္ဂဘက်က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒုက္ခ သည်တွေကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ မရမချင်း မြန်မာနိုင်ငံကို မပြန်ဘူးလို့ ပြော ပါ တယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */