VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 စက်တင်ဘာ၊ 2020
တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများစုက တောင်းဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener၊ လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီး Filippo Grandi၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ အာရှနဲ့ ပစိဖိတ ဒေ သ ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kanni Wignaraja တို့ စက်တင်ဘာလ ၁၁ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြပြောဆိုခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
12 စက်တင်ဘာ၊ 2020
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံရွာသားများ။ (ဇွန် ၂၉၊ ၂၀၂၀)