" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မော်လမြိုင်. Show all posts
Showing posts with label မော်လမြိုင်. Show all posts

Tuesday, November 14, 2023

မော်လမြိုင်တွင် ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ
November 13, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ကျိုက်ခမီလမ်းမကြီးဘေးတွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ကျိုက်ခမီလမ်းမကြီးဘေးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် ယာဉ်တစ်စီးကို သက်ဆိုင်ရာတာဝန်ရှိသူတို့က သွားရောက် စစ်ဆေးခဲ့ရာမှ ရိုဟင်ဂျာများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

Monday, December 26, 2022

မော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးခံရ

DVB
26 December, 2022


 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရိုဟင်ဂျာ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်လို့ သတင်းပေးချက်အရ စစ်ကောင်စီ တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“၅ ထပ်တိုက်ရဲ့ လေးလွှာမှာတွေ့တာ အခုတော့ လ.ဝ.က မှာ စစ်ဆေးနေတုန်း ဘယ်ကလာတယ် ဆိုတာတော့ မသိဘူး။”
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */