" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အနောက်တံခါး ဖွင့်ပေးမယ့်အကြံ. Show all posts
Showing posts with label အနောက်တံခါး ဖွင့်ပေးမယ့်အကြံ. Show all posts

Sunday, August 20, 2023

NUG ရဲ့ အနောက်တံခါး ဖွင့်ပေးမယ့်အကြံ … တို့ပြည်သူ အားလုံး လက်မခံ

ပြန်ကြားရေးဝန်ကြီးဌာန
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ( NPE )

Thu, 07/01/2021
 

ဤဆောင်ပါးကို စာဖတ်သူများ သိရှိကြရန် ရည်ရွယ်၍ ကော်ပီးကူး တင်ပေးလိုက်ပါတယ်။


ပြည်ထောင်စုသားတစ်ဦး

သာစွဌာနီ ရခိုင်ပြည်နယ်ကို ပြည်ထောင်စုသားများက အနောက်တံခါးလို့ တင်စားသတ်မှတ်ခဲ့ကြ တယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ဆုံး တောင်ကုန်းဒေသမှ တောင်ဘက် ဂွမြို့နယ်အဆုံး ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျောက်ချွန်ဝအထိ အလျားမိုင်ပေါင်း ၃၆၀ ခန့် ရှည်လျားတယ်။ ရခိုင်ပြည်နယ်ဟာ မြောက်ဘက်မှာ အတန်ငယ်ကျယ်ပြန့်ပြီး တောင်ဘက်သို့ ကျဉ်းမြောင်းရှည် လျား လာ ရာ လိမ္မော်သီးစိတ်ပုံသဏ္ဌာန်ရှိတယ်။ မြောက်ဘက်မှာ မိုင်ပေါင်း ၁၀၀ ခန့်ကျယ်ဝန်းပြီး တောင် ဘက် အရပ်က မိုင် ၂၀ ခန့် ကျယ်ဝန်းတယ်။

ရခိုင်ပြည်နယ်ဟာ စတုရန်းမိုင်ပေါင်း ၁၄၂၀၀ ခန့် ကျယ်ဝန်းပြီး မြောက်ဘက်မှာချင်းပြည်နယ်ပလက် ဝမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ တည်ရှိတယ်။ တောင်ဘက်မှာ ဧရာဝတီတိုင်းဒေသကြီး က သာ ပေါင်းမြို့၊ အရှေ့ဘက်မှာ ရခိုင်ရိုးမ တောင်တန်းကြီးဖြင့် နယ်နိမိတ်သတ်မှတ်ထားတဲ့ မကွေး တိုင်းဒေ သကြီး မင်းဘူးမြို့နယ်နဲ့ ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ်၊အနောက်ဘက်မှာဘင်္ဂလားပင်လယ် အော်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တည်ရှိတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */