Mizzima
March 19, 2025
Thursday, March 20, 2025
အာဆာခေါင်းဆောင်နှင့် အခြား ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အာဆာ ခေါင်းဆောင်နဲ့ နောက်လိုက် ၉ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
လူထုနွေဦး
၁၉ရက် မတ်လ ၂၀၂၅
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးနဲ့ နောက်လိုက်နောက်ပါတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲအကြမ်းဖက်တိုက်ဖျက်ရေး အထူးယူနစ် RABရဲ့ တပ်ခွဲ ၁၁ ဟာ မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေတုန်းက နာယာယန်ဂန့်ဂျ်နဲ့ မိုင်မန်ဆင်းတို့မှာ သီးခြား စစ်ဆင်ရေး သုံးခု လုပ်ဆောင်ပြီးတဲ့နောက် ARSAရဲ့ အသက် ၄၈ နှစ်အရွယ် ထိပ်တန်း ခေါင်းဆောင် အာတာအူလာ အဘူအမ်မန် ဂျူနူနီနဲ့ တခြား သံသယရှိသူ ၉ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ARSA ခေါင်းဆောင်နဲ့ အဖွဲ့ဝင်အချို့ကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး (ရုပ်/သံ)
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာအပါအဝင် အဖွဲ့ဝင်အချို့ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့အနီးမှာ မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြ နေကြပါတယ်။