" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်. Show all posts
Showing posts with label ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်. Show all posts

Friday, October 21, 2022

ရိုဟင်ဂျာ အယောက် ၁ဝဝ ကျော် ရန်ကုန်မှာ ဖမ်ဆီးခံရ

RFA
Radio Free Asia
2022.10.21
ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။ Photo: Citizen Journalist

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁ဝ ရပ်ကွက်၊ ဧရာဝတီလမ်းက နေအိမ်တစ်လုံးမှာ တည်းခိုနေတဲ့ ရိုဟင်ဂျာ ၁၁၇ ဦး အောက်တိုဘာ ၂ဝ ရက်ညက ဖမ်းဆီးခံလိုက်ရပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၇၈ ယောက်၊ အမျိုးသမီး ၃၉ ယောက်အပြင် ကားနှစ်စီးနဲ့ တခြား မြန်မာ လေးယောက်လည်း ပါတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဒီလောက်လူအများကြီးကို အချုပ်ထဲထည့်ဖို့တော့ မဖြစ်နိုင်ဘူး၊ သူတို့ကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ရိုဟင်ဂျာတွေပါ။ အထူးသဖြင့် မလေးရှားကို ထွက်ဖို့ လာကြတာ များပါတယ်။"
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */