" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာအလောင်း. Show all posts
Showing posts with label ရိုဟင်ဂျာအလောင်း. Show all posts

Wednesday, March 27, 2024

ရိုဟင်ဂျာအလောင်းတွေ အာချေးကမ်းလွန်မှာ ထပ်တွေ့

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၆ မတ်၊ ၂၀၂၄ 

အာချေးကမ်းလွန်မှာ ရိုဟင်ဂျာအလောင်းတွေ ထပ်တွေ့ (မတ် ၂၃၊ ၂၀၂၄)
 
ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့သစ်သားလှေတစီးဟာ ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည် နယ်အနီး မှောက်သွားတာမှာ ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မတ်လ ၂၅ ရက်နှောင်းပိုင်းက ပြောပါတယ်။

Saturday, March 23, 2024

ရိုဟင်ဂျာအလောင်းတချို့ အာချေးကမ်းလွန်မှာတွေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
 
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ ရိုဟင်ဂျာ အလောင်းနှစ်လောင်း ဒီကနေ့ ဆယ်ယူခဲ့ပြီး ပင်လယ် ထဲ ပေါလောပေါ်နေတဲ့ မဆယ်နိုင်သေးတဲ့ နောက်ထပ် အလောင်းတချို့လည်း တွေ့ထားတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ လူ ၁၅၀ လောက်ပါတယ်လို့ ယူဆရတဲ့ စက်လှေမှောက်ပြီး ပျောက် ဆုံး ဒါမှမဟုတ် သေဆုံးနေသူတွေကို ရှာဖွေ ကယ်ဆယ်တာတွေ ဆက်မလုပ်တော့ဘူးလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောဆိုပြီး နောက်တနေ့မှာ အခု အလောင်း ၂ လောင်းကို ဆယ်ယူခဲ့တာပါ။

Friday, March 22, 2024

စစ်သင်တန်းတက်ဖို့ ခေါ်ယူခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့

RFA
RFA Burmese
2024.03.22 

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 
 
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေထဲက အလောင်းခုနစ်လောင်းကို မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က မိသားစုတွေထံ လာရောက်ပို့ဆောင် ခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

Wednesday, December 21, 2022

လှည်းကူးမှာ ရိုဟင်ဂျာအလောင်းတွေကို အစုလိုက်စွန့်ပစ်တဲ့ အဖွဲ့ကို ဖမ်းမိပြီလို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ကားတွေ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က တပင်ရွှေထီးလမ်းပေါ်မှာ ရိုဟင်ဂျာအလောင်းတွေကို လာရောက်စွန့်ပစ်သွားတဲ့ လူ ၁၃ ဦးပါ လူမှောင်ခိုအဖွဲ့ကို ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် လာပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရိုဟင်ဂျာတွေကို မှောင်ခိုကူးတဲ့အမျိုးသားတွေဟာ လူတစ်ဦးကို ၇ သိန်းနှုန်းရယူခဲ့ သူတွေ ဖြစ်ပြီး ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ထဲကိုဝင် အဲဒီကမှ တ ဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြမယ့်သူတွေလို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */