" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖွဲ့စည်းပုံအခြေခံဥပဒေ. Show all posts
Showing posts with label ဖွဲ့စည်းပုံအခြေခံဥပဒေ. Show all posts

Wednesday, February 6, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် ဆန္ဒမဲအများစုဖြင့် လွှတ်တော်အတည်ပြု

DVB
By ပိုင်စိုး,  6 February 2019

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီကနေ့ ဖေဖော် ၀ါရီ ၆ ရက်မနက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။

Thursday, January 31, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ ဘူးကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင်ပြော


မိတ္ထီလာ၊ ဇန်နဝါရီ ၃၁ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ်လို့ တပ်ချုပ် လက်ခံ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို တက်ရောက်ခဲ့စဉ် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာပြင်ဖို့  အရင်အစိုးရ လက်ထက်ကတည်းက သဘောတူထားပြီးဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ခြေဥပြင်ဆင်မှုအဆိုကိစ္စ DR.အင်ဒရူးနဲ့ မေးမြန်း ချက်


၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီနေ့က လွှတ်တော်တွင်း ဖြစ်ပျက်သွားတဲ့ အခြေအနေအပေါ် သုံးသပ်ချက်၊ ရှေ့ဆက်ဖြစ်လာနိုင်တဲ့အလားအလာ၊ ဘယ်ဥပဒေ ဘယ် ပုဒ်မတွေကို လက်တွေ့ပြုပြင်သင့် ပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ပတ်သက်ပြီး အခြေခံ ဥပဒေရေး ရာ ကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ရန်ကုန်မြို့ မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ထားပါတယ်။

Wednesday, January 30, 2019

မြန်မာဌာန | သတင်းများ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကိစ္စ တပ်မတော် လတ်တလော ပြောဖို့မရှိ

                                  တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် ကို တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရေးအဆိုကို တပ်မတော်သား ကိုယ်စား လှယ်တွေ ပါဝင်ဆွေးနွေးဖို့ ရှိ၊ မရှိ မပြောနိုင်သေးဘူးလို့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီနေ့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေး NLD ကြိုးပမ်းမှု တိုင်းရင်းသား ပါတီတွေ အမြင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင် စု လွှတ်တော်မှာ စတင်ဆောင်ရွက်လာတဲ့အပေါ် တိုင်းရင်းသား ပါတီတချို့ ရဲ့ အမြင်သဘောထားတွေ၊ ဖြစ် ပေါ်လာနိုင်တဲ့ အလားအလာတွေ ဘယ်လိုရှိနေပါသလဲ။ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို စုစည်းတင်ပြထားပါတယ်။

Tuesday, January 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း မယ့် အဆို ကို လက်ခံဆွေးနွေးမည်

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမယ့်အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ထကန့်ကွက်စဉ်
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်
တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အား
လုံး မတ်တပ်ရပ် ကန့်ကွက်ပေမယ့် မဲခွဲပြီး ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက်
 ကော်မ တီတစ်ရပ်ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ် ကိုယ်စား လှယ်တွေ မတ်တပ်ရပ်ကန့်ကွက်



The Standard Time Daily





ဇန်နဝါရီ-၂၉၊၂၀၁၉

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီချုပ်ပါတီကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

Tuesday, January 22, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ ဖယ်ရှားပစ်ဖို့ စတစ်ကာ လှုပ်ရှားမှု


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးဖယ်ရှားပေးဖို့ စာတမ်းပါ စတစ်ကာကို တွေ့ရစဉ် 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖယ်ရှားပေးဖို့ စာတမ်းပါ စတစ်ကာတွေကို မန္တလေးမြို့က လူ စည်ကား ရာ နေရာအချို့မှာ Freedom Fighters အဖွဲ့က မနေ့က လိုက်လံကပ်ခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြောနေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒီစ တစ်ကာ ၃၀၀ ကျော်ကပ်ပြီး အများသိအောင် ၀ိုင်းဝန်းပါဝင်တာဖြစ်တယ်လို့ Freedom Fighters အဖွဲ့က ကိုသဲနှစ်အောင် က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */