" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဗဒူလ် မိုမင်. Show all posts
Showing posts with label ဗဒူလ် မိုမင်. Show all posts

Wednesday, August 23, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးပြော

RFA
RFA Burmese
2023.08.22

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ထောက်ပံ့ရိက္ခာများရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ AFP


မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဦးစား ပေး အစီအစဉ် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်က ပြောဆိုလိုက် ပါ တယ်။

ရိုဟင်ဂျာတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးပြီး ဘင်္ဂလားဒေ့ရှ်မှာပဲ လက်ခံထားဖို့ နိုင် ငံတချို့နဲ့ အဖွဲ့အစည်းတချို့က တိုက်တွန်းနေပေမဲ့ ... ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေအနေဟာ အစက တည်းက လူဦးရေထူထပ်နေပြီးသားဖြစ်တာမို့ ဒီလိုလက်ခံထားဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ကြီး အဗ္ဗဒူလ် မို မင်က ပြောဆိုကြောင်း ဩဂုတ် ၂၂ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာ ဖော်ပြပါ တယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */