Tuesday, March 26, 2019
Wednesday, March 6, 2019
ဆိုရှယ်မီဒီယာ မြန်မာလူ့အခွင့်အရေးကို အကျိုးပြုဖို့ Yanghee Lee တိုက်တွန်း
Facebook - Twitter နဲ့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေကို ပံ့ပိုးပေးတယ်ဆိုတာ သေချာအောင် ပိုလုပ်ပြဖို့ လိုနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုး Yanghee Lee ရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
Sunday, February 10, 2019
နယူးယောက် ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ပထမနေ့
ဗွီအိုအေသတင်းဌာန
ကျော်အောင်လွင်
၀၉ ဖေဖော်ဝါရီ၊ ၂၀၁၉
ရိုဟင်ဂျာမူဆလင်အရေးနဲ့ပတ်သက်ပြီးပြောဆိုကြတဲ့ ၂ ရက်ကြာဆွေးနွေးပွဲတခုကို အမေရိကန်ပြည် ထောင်စု နယူးယောက်မြို့မှာ မနေ့ကစပြီး ကျင်းပနေပါတယ်။ ဒီအခန်းအနားကို ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ဗွီဒီယိုကတဆင့်အမှာစကားပါးခဲ့ပါတယ်။ ရိုဟင်ဂျာအရေး အဓိက ထားပြီး ပြောဆိုနေကြတဲ့ ဒီအခန်းအနားက ထူးခြားချက်တချို့ကို ကိုကျော်အောင် လွင်က တင်ပြပေးထားပါတယ်။
Saturday, January 26, 2019
ရိုဟင်ဂျာပဋိပက္ခဖြေရှင်းနိုင်ဖို့ အပြု သဘောပို့ ဆောင်ဖို့လို
ဆုမွန်
၂၆ ဇန်နဝါရီ၊ ၂၀၁၉
ရခိုင်ပြည်နယ်ထဲ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့သလို လတ်တလော ရခိုင်တိုင်း ရင်းသား လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ အနေအထားမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းအောင်နဲ့ တင်းမာနေတဲ့ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ရေး မြန်မာ အစိုးရ၊ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာဘက်က အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက် သင့်တယ်လို့ ရခိုင်အရေးအကဲခတ်တွေက အကြံပြုပါတယ်။ မူဆလင်သိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်း ရှောင်နေရဆဲပဲ ထောင်ချီတဲ့ရခိုင်ဒေသခံတွေပါ ဘေးလွတ်ရာကိုပြေးနေရတဲ့ အနေအထားမှာ အစိုးရဘက် ကလည်း ပိတ်ပင်တားဆီးမှုတွေမလုပ်ဘဲ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆုတ်ယုတ်မှုတွေရှိနေတယ်လို့ သတင်းစာ ရှင်းလင်းခဲ့တဲ့အပေါ် တုံ့ပြန်ချက် အမြင်သဘောထားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
Friday, January 25, 2019
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမအောင်မြင်ဘူးလို့ ကုလကိုယ်စားလှယ်ပြော
လွတ်လပ်တဲ့အာရှအသံ
2019.01.25
Saturday, January 19, 2019
ရိုဟင်ဂျာဒုက္ခသည်တွေ ယန်ဟီးလီနဲ့ တွေ့ဖို့ ပြင် ဆင်
ဆုမွန်
၁၉ ဇန်နဝါရီ၊ ၂၀၁၉
ရခိုင်အခြေအနေ ယန်ဟီးလီစိုးရိမ်
ဗွီအိုအေ မြန်မာပိုင်း
၁၉ ဇန်နဝါရီ၊ ၂၀၁၉
ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်တို့မှာ တရှိန်ထိုးဖြစ်ပွားနေ တဲ့ အကြမ်းဖက်မှု တွေ အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က စိုးရိမ်နေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းကစပြီး AA ရခိုင့်အမျိုးသားတပ်နဲ့ မြန်မာ့ တပ်မတော်တို့ ကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒေသခံ ၅ထောင် ထက် မနည်း အိုးအိမ်စွန့် ခွာ ထွက်ပြေးကြရပါတယ်။
Saturday, January 12, 2019
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားမည်
လွတ်လပ်တဲ့ အာရှအသံ
2019.01.12
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီဟာ မကြာခင် ရက် ပိုင်းအတွင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခ သည်တွေကို သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြေ ညာချက် ထုတ်လိုက်ပါတယ်။
ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ ဘင်္ဂလား ဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်။
Rohingya Today
Jan 11, 2019
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခရန်ဟီးလီသည် မြန်မာနိုင် ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့ထိ သွားရောက်မည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ကြေညာချက် ထုတ်ပြန်သည်။
Thursday, July 13, 2017
လက်တွေ့ကျကျ စဉ်းစားချင်တဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ရခိုင်အရေး အမြင် အပိုင်း – ၁
ဧရာဝတီ
အင်တာဗျူး
13 July 2017
မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနလုပ်ခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။









