Showing posts with label မိန့်ခွန်း. Show all posts
Showing posts with label မိန့်ခွန်း. Show all posts

Wednesday, February 26, 2020

ကုလလူ့အခွင့်အရေးကောင်စီမှာ ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြော

VOA
 ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 ဖေဖော်ဝါရီ၊ 2020 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ မှာ မိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)
မြန်မာ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ် အရေး ယူဖို့ စိတ်ဆန္ဒရှိသလိုပဲ၊ အရေးယူနိုင်စွမ်းလည်း ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသ မဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။

Sunday, January 5, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ဝေဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဇာဏီထွဏ်း
2020-01-05
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

Monday, September 30, 2019

၀န်ကြီး ဦးကျော်တင့်ဆွေရဲ့ ကုလသမဂ္ဂ မိန့်ခွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ
30 September 2019

■ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံမှာ မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ပြန်လည်ခေါ်ယူရေးလုပ်ငန်းတွေ အပါအဝင်လက် ရှိ မြန်မာနိုင်ငံဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေအကြောင်း ပြောကြားခဲ့ပါတယ်။

(၇၄) ကြိမ်မြောက် ကုလအထွေထွေညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြား

မြန်မာ့အလင်း
နေပြည်တော်
စက်တင်ဘာ ၂၉
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ခိုင်မာစွာအမြစ် တွယ်စေဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြုသဘောနည်းလမ်းဖြင့် လက်တွဲဆောင် ရွက်သွားကြဖို့ဖိတ်ခေါ်။

Monday, May 20, 2019

သပ်လျှိုသွေးခွဲသူများက နိုင်ငံတော်ကြီး ပြိုကွဲပျက်စီး စေရန် ကြိုးစားနေဟု ကာချုပ်ပြော

DVB
By ဒီဗွီဘီ
20 May 2019
သပ်လျှိုသွေးခွဲသူတွေက အမိမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေဖို့အတွက် ခေတ်အဆက်ဆက် ကြိုး စားနေခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။

Sunday, May 5, 2013

Burmese Dictator Ne Win speech in America in 1966 (Video )

Published on May 5, 2013

၁၉၆၂ ခုနှစ်မှာ ပြည်သူ့ အာဏာကို အာဏာသိမ်းပြီး အာဏာရှင်စနစ်ဖြင့် စတင်ကာ အုပ်ချူပ်ခဲ့တဲ့ အာဏာ ရှင်ကြီး နေဝင်း ၁၉၆၆ ခုနှစ် အမေရိကန်ကို ရောက်တုန်းက ပြောတဲ့ စကားမှတ်တမ်း ဗွီဒီယို (ရှားပါး မှတ် တမ်း ဖြစ်ပါတယ်)။

ဤ ရှားပါးဗွီဒီယိုမှတ်တမ်းအား ရှာဖွေတွေ့ ရှိခဲ့သူ ကိုမျိုးမြင့်အား ကျေးဇူးတင်ရှိပါတယ်။

(ဗွီဒီယိုမှတ်တမ်း ရှာဖွေတွေ့ ရှိသူ ကိုမျိုးမြင့်၏ ပြောကြားချက် - ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလထဲမှာ အာဏာ ရှင်ကြီး ဗိုလ်နေဝင်းကို အမေရိကန်ကို ဖိတ်ပြီး စကားပြောခိုင်းခဲ့တဲ့ ဗီဒီယိုကလစ်ပါ။ ကျနော် ဧပြီ ၁၉-၂ဝ တုန်းက အဲ့မြိ့ုလေးကို ရောက်ခဲ့တယ်။ ဒါပေမယ့် ဒီဗွီဒီယိုတွေ့ မှ ဒီလူကြီး ဒီလာပြီး ဒါတွေ ပြော ခဲ့တာ သိ ရတာပါ။ သမိုင်းခံတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အဖို့ လေ့လာရေးမှာ အကျိုးများ မယ် တွေးမိ ပါ တယ်။ နားထောင် ကြည့်ပါ)။

American Welcome. Produced by US Information Agency (USIA). Index terms: White House; Head of State Visits; Gen. Ne Win; Burma; Speeches; Williamsburg, VA; Washington, DC; U.N.; U Thant; State Dept.; Catholic Univ. School of Nursing; Arlington Nat'l Cemetery.
 
  Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */