Showing posts with label ပလက်ဝ. Show all posts
Showing posts with label ပလက်ဝ. Show all posts

Wednesday, February 27, 2019

AA က ဖမ်းသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့စခန်း မှူး ပြန်လွတ်လာ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-27

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာစဉ်

အခုလ ၂၂ ရက်နေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် AA ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာပြီး ဒီနေ့ ညနေ ၅ နာရီခန့်မှာ သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

Saturday, February 23, 2019

ပလက်ဝမြို့နယ်ရဲစခန်းကို AA စီးနင်းတိုက်ခိုက်နှစ် ဖက်တိုက်ပွဲပြင်းထန်ဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန)၊22 ဖေဖော်ဝါရီ၊ 2019

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ (ဓာတ်ပုံ- ကိုတင်ထွန်းအောင်)

စစ်ရေးပဋိပက္ခတင်းမာနေဆဲဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရခိုင် ပြည် နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲအတွင်း အရပ် သားသေဆုံးမှုတွေ ဖမ်း ဆီးခေါ်ဆောင်မှုတွေလည်း ဖြစ်ပွါးနေတာပါ။

Monday, February 11, 2019

ရခိုင်ဒေသ စစ်ဆင်ရေး AI အဖွဲ့ ဝေဖန်

ရခိုင်ဒေသစစ်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ 

မြန်မာအစိုးရတပ်နဲ့ ရခိုင်တပ်မတော် AA တို့တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေအတွက် အစားအသောက်နဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးလို့မရအောင် အစိုးရတပ်တွေဖက်က ပိတ်ဆို့နေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

Sunday, February 10, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ နယ် ရွာသား ၈ဝဝ ကျော် စစ်ရှောင်နေရ

ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ပလက်ဝ မြို့နယ် ခမောင်းဝ ကျေးရွာ (၁ဝ) ရွာက ရွာသား (၈ဝဝ) ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပလက်ဝ မြို့နယ် အတွင်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ ပလက်ဝရောက် ရွာသား တဦးက ပြောပါတယ်။ ဒီအကြောင်းအစုံအလင်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

Friday, February 8, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ရခိုင်၊ ခမီ လူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး


 2019-02-07


    အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
                                                                                                                                                 Photo: Soe Lin Tun


အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေး ငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Wednesday, February 6, 2019

ပလက်ဝစစ်ဘေးရှောင် ၂၀၀ ကျော် ဘင်္ဂလား နယ်စပ် တိမ်းရှောင်

ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော် ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေကို AA အဖွဲ့က အကူအညီပေးထားပြီး တခြားအကူအညီတွေ မရသေးဘူးလို့လည်း ဆိုပါ တယ်။ ဒါ့အပြင် ကျောက်တော်
က စစ်ရှောင်တချို့ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပြီး စစ်ဆေးခံ နေရ ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကသတင်းပေး ပို့ထားပါတယ်။

Tuesday, February 5, 2019

စစ်ပြေးဒုက္ခသည်တစ်ရာကျော်ကို AA တပ်ဖွဲ့ ကူညီထားတယ်လို့ဆို

ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ ဒီရက်ပိုင်းတွေမှာ တိုက် ပွဲပြင်းထန်နေပြီး၊ တောထဲမှာပုန်းရှောင်နေတဲ့ ရွာသား ၁၂၄ ယောက်ကို AA အဖွဲ့က ဘေးလွတ်ရာမှာ ကူ ညီထားတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က RFA ကို မနေ့ညက ပြောပါတယ်။ ခမောင်း ဝရွာက ၇၆ ယောက် နဲ့ ကင်းတလင်းရွာ က ၄၈ ယောက်ကို တနင်္လာနေ့မှာ ကယ်ထုတ်လာတာလို့ ဆို ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */