ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ရန်ဖက်လက်နက်ကိုင် အဖွဲ့ ၂ ခုကြား တိုက်ခိုက်မှု ဖြစ်ရာက အနည်းဆုံး ၃ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA နဲ့ RSO အဖွဲ့တွေကြား မကြာခဏ တိုက် ခိုက်မှုတွေ ဖြစ်လေ့ရှိတတ်တဲ့ ဒုက္ခသည်စခန်းမှာ မနေ့တုန်းက ဖြစ်ရပ်ကြောင့် ၇ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။