" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နစ်မြှုပ်. Show all posts
Showing posts with label နစ်မြှုပ်. Show all posts

Tuesday, November 1, 2022

အမာမြို့မှာ ရိုဟင်ဂျာ စက်လှေတစ်စင်း နစ်မြုပ်ပြီး ၂၀ ခန့် ပျောက်ဆုံးနေ

RFA
လွတ်လပ်ဲ့အာရှအသံ
2022-11-02 

ဘိုကလေး ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။
  Photo: Citizen Journalist 

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ကတုံးလေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ရိုဟင် ဂျာ ၈၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေတယ်လို့ ဖျာပုံဒေသခံတွေ က RFA ကို အောက်တိုဘာ ၃၁ ရက် မနေ့ညပိုင်း က ပြောပါတယ်။

အဲဒီစက်လှေဟာ အဲဒီကတုံးလေးရွာအနီးမှာ သောင်တင်ပြီး နစ်မြုပ်သွားတာကြောင့် လှေပေါ်ပါလာသူ ၆၀ ခန့် ကိုပဲ ကယ်တင်နိုင်ခဲ့ပြီး ကျန်တာတွေ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံဒေသခံတစ် ဦးက RFA ကို ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */