VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၆ စက်တင်ဘာ၊ ၂၀၂၃
ယခင်မှတ်တမ်းရုပ်ပုံ | ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ (၅၃)ကြိမ်မြောက် ကုလလူ့အခွင့် အရေးညီလာခံ အတွင်း စကားပြောကြားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk (ဇွန် ၁၉၊ ၂၀၂၃)
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေတာနဲ့ ပြစ်မှု ကျူးလွန်သူ တွေကို အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင် ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk က ဒီကနေ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။