" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆွေးနွေးပွဲ. Show all posts
Showing posts with label ဆွေးနွေးပွဲ. Show all posts

Saturday, October 24, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဒုတိယအကြိမ် ၃ ပွင့်ဆိုင်ဆွေး နွေးရေး တရုတ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကျင်း ပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen ကို ကြာ သပတေးနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောရာမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေး aကာက်ပွဲ ကျင်းပပြီးနောက်ပိုင်း သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ကို မူအားဖြင့် သဘောတူညီခဲ့ကြ ဖြစ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာတွေပြန်လက်ခံရေး မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးဖွယ်ရှိ

VOM
ဒါကာ၊ အောက်တိုဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အာမခံချက်တွေကို တရုတ်နိုင်ငံ က ဘင်္ဂလားဒေ့ရှ်ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲပြီးရင် ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်တဲ့ နောက်ထပ်ဆွေး နွေးမှုတွေကို ပြန်စဖို့မြန်မာနိုင်ငံက ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုမန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

Wednesday, January 8, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲ အနှစ်ချုပ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-08
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ မတူကွဲပြားချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။

RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။
  
လင့်၊https://www.rfa.org/burmese/news/Myanmar-bangladesh-border-conference-01082020101102.html

Friday, June 7, 2019

ရခိုင်ပြည်နယ်အရေး ဆွေးနွေးအဖြေရှာဖို့ AA အဖွဲ့ကို အစိုးရတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
07 ဇွန်၊ 2019

မေခ
မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အနေနဲ့ ဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း ရက္ခိုင့်တပ်မ တော် AA ကတော့ မြန်မာစစ်တပ်ဖက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာဖြစ်ပါတယ်။

Monday, April 29, 2019

ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA ကိုယ်စားလှယ်အဖွဲ့ မူဆယ်သို့ထွက်ခွာ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၉/ ၂၀၁၉

ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် အတွက် ယနေ့ နံနက်က လိုင်ဇာမှ ထွက်ခွာသွားသည်ဟု သတင်းရရှိသည်။

ULA/AA ပြောခွင့်ရသူ ခိုင်သုခ က “ AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ဗိုလ် မှူးကြီးကျော်ဟန် အပါအ၀င်ပေါ့လေ။ ကိုယ်စားလှယ် ၆ ဦးပါအဖွဲ့ လိုင်ဇာကနေ ဒီကနေ့ မနက်က မူဆယ် ကို ထွက်ခွာသွားပါပြီ” ဟု နိရဉ္စရာ သတင်းဌာနက ယနေ့ နေ့လယ်က ဆက်သွယ် မေးမြန်းစဉ် ပြောကြား သည်။

Thursday, April 25, 2019

ရပ်ဝန်းတခု လမ်းတကြောင်း - ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး သို့မဟုတ် အကြွေးထောင်ချောက်

B B C
ဘီဘီစီ မြန်မာပိုင်း
25 ဧပြီ 2019

ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားအတွက် ခေတ်မီ အခြေခံအဆောက်အအုံတွေကို ယူဆောင်လာပေး မယ်လို့ တရုတ်ကြွေးကြော်နေတဲ့ စီမံကိန်းကြီးအကြောင်း နိုင်ငံတကာခေါင်းဆောင်တွေ ဘေဂျင်းမှာ စုဆုံ ဆွေးနွေး နေကြ ပါတယ်။

Saturday, April 6, 2019

ရိုဟင်ဂျာအရေး အမေရိကန်မိတ်ဆွေများဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဝင်းမင်း ၊06 ဧပြီ၊ 2019

ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်းရှိ ဈေးထဲက ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

ရိုဟင်ဂျာအရေး အမေရိကန်အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ပေးရေး အမေရိကန်ပြည်သူတွေကတဆင့် ဖိ အားပေးသွားဖို့ ရိုဟင်ဂျာဆွေးနွေးပွဲကြီးတခု ကျင်းပနေပါတယ်။

အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း Oregon ပြည်နယ်မှာ မနေ့ကစ (၃) ရက်တာ ဆွေးနွေးပွဲထဲမှာ အ ဓိက အားဖြင့် ရိုဟင်ဂျာတွေ ခံစားနေရတာနဲ့ Genocide (ခေါ်) လူမျိုးတုန်းသတ်ဖြတ်မှုတွေအကြောင်း အ ဓိက ဆွေးနွေးဖို့ ရှိနေပါတယ်။

Thursday, April 4, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ၀ါရှင်တန်မှာ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
အောင်အောင် ၊03 ဧပြီ၊ 2019


 Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ၀ါရှင်တန်မှာ ဆွေးနွေးစဉ်
ရခိုင်ပြည်နယ်မှာ ၂၀၁၇ က မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အရေး ဆွေးနွေးပွဲကို ၀ါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပပါတယ်။ ဆွေးနွေးပွဲမှာ O.P. Jindal Global တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး Dr. Nehginpao Kipgen က ဦးဆောင် ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ရင် ဆိုင်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကိုအောင်အောင်က မေးမြန်းရာမှာတော့ သူက အခုလို စပြော ပါတယ်။

ရိုဟင်ဂျာတွေရဲ့ အနာဂတ် ဆွေးနွေးပွဲ

VOA
ဗွီအိုအေ (မြန်မာဌာန) 
အောင်အောင် ၊ 03 ဧပြီ၊ 2019


ရခိုင်မှာ၂၀၁၇က မြန်မာလုံခြုံရေးတပ်တွေရဲ့နယ်မြေရှင်းလင်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာအနာဂတ်အရေးဆွေးနွေးပွဲကိုဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ ဧပြီလ၂ ရက်နေ့ကကျင်းပပြီး မြန်မာ့အရေ ကျွမ်းကျင်သူ Dr. Nehginpao Kipgen ဦးဆောင်ဆွေး
နွေးခဲ့တာပါ။ ကိုအောင်အောင်တင်ပြပါမယ်။


လင့်၊https://burmese.voanews.com/a/4860156.html?ltflags=mailer

Friday, March 22, 2019

လူမျိုးရေးကြောင့် ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ရက္ခိုင့် တပ်မတော် အေအေက ပြော

B  B  C
ဘီဘီစီ မြန်မာပိုင်း
21 မတ် 2019

 

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိနေပြီး အေအေကတော့ ဒီတိုက်ပွဲတွေက လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

Friday, September 22, 2017

( 22.09.2017 ) "BBC Burmese မှတင်ဆက်တဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်

"BBC Burmese မှတင်ဆက်တဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်"
====================================================

Aye Chan



ဤဆွေးနွေးပွဲတွင် စီစဉ်တင်ဆက်သူမှာ ဦးမောင်မောင်သန်း ဖြစ်ပြီး ဒေါက်တာအေးချမ်း၊ဦးမြအေးနှင့် ဦးဟန်ညောင်ဝေတို့က ပါဝင်ဆွေးနွေးထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */