Showing posts with label သတင်းထုတ်ပြန်. Show all posts
Showing posts with label သတင်းထုတ်ပြန်. Show all posts

Wednesday, November 18, 2020

မောင်တောမှာမိုင်းထောင်ထားတာ (ARSA) အဖွဲ့လို့ တပ်မတော် ထုတ်ပြန်

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိမ်
18 နိုဝင်ဘာ၊ 2020

 
မြန်မာအစိုးရတပ် ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ မိုင်းပေါက်ကွဲမှုဟာ ARSA ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်အဖြစ် တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း နိုင်ကွန်းအိန် ကသတင်းပေးပို့ထားပါတယ်။

Wednesday, January 22, 2020

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန
‌နေပြည်တော် 
JANUARY 22, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)



လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 
၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိ ကြောင်း စွပ်စွဲ ချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။

Monday, March 25, 2019

လေးလတာ အပစ်ရပ်မှုအချိန်ကာလ လုံလောက်ပြီဟု တပ်မတော် ပြော

 မဇ္ဈိမ
By အောင်မြတ်သူ
25 March 2019
 
 

 နေပြည်တော်၊ မတ် ၂၅ ရက် ။ ။ စစ်တိုင်းကြီး ၅ တိုင်းတွင် ပစ်ခတ်မှုရပ်စဲထားမှုသည် လာမည့် ဧပြီ ၂၁ ရက် တွင် ပြည့်တော့မည် ဖြစ်ရာ ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် လုံလောက်သည့်အချိန် ဖြစ်သည်ဟု တပ် မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

Tuesday, February 19, 2019

မော်တော်ယာဉ်လိုင်းပိုင်ရှင်တွေကို AA သတိပေးစာ ထုတ်ပြန်

MEDIALANN
February 19, 2019
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေ၊ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ခရီးသွားပြည်သူတွေ လိုက်နာဖို့ဆိုတဲ့ အသိပေးကြေ ညာချက် တစ်စောင်ကို ရခိုင့်တပ်မတော် AA က ထုတ်ပြန်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */