Showing posts with label အင်တာနက်လိုင်း. Show all posts
Showing posts with label အင်တာနက်လိုင်း. Show all posts

Thursday, April 16, 2020

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်၌ ဆက်သွယ်ရေးနှင့် မိုဘိုင်းအင် တာနက် အပြည့်အဝရရှိရေး ထောက်ပံ့ရေးအဖွဲ့အစည်း၂၆ ဖွဲ့ တောင်းဆို

မဇ္ဈိမ
ဧပြီ ၁၆

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးအေဂျင်စီ ၂၆ ဖွဲ့သည် ဒုက္ခသည်များ၊ နေရပ်စွန့်ခွါထွက်ပြေးသူများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက် များ ရရှိစေရန်နှင့် ကူညီထောက်ပံ့မှုများလုပ်ဆောင်နိုင်ရန်အတွက် ကော့စ်ဘဇား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မိုဘိုင်းအင်တာနက်နှင့် ဆယ်သွယ်ရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေး ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အား ဒီကနေ့ တိုက်တွန်းလိုက်သည်။

Wednesday, February 5, 2020

အင်တာနက်လိုင်းတွေဖြတ်ခံရပြီးနောက် ရသေ့တောင် တိုက်ပွဲပြင်းထန်ခဲ့

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဇာဏီထွဏ်း
2020-02-05 
 

ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာ အင်တာနက်လိုင်းတွေ ပြန်ပိတ်ပြီး နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တပ် မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

Thursday, September 12, 2019

ရိုဟင်ဂျာ Cox's Bazar ဒုက္ခသည်စခန်း 3G နဲ့ 4G အင်တာ နက် ဖြတ်တောက်ခံရ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2019 
မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဟာ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း 3G နဲ့ 4G အင်တာနက် ဝန် ဆောင်မှုတွေကို ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။ Teknaf နဲ့ Ukhia စခန်းနယ်မြေတွေမှာ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေအားလုံး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ဖို့ အစိုးရက အမိန့်ပေးခဲ့တယ် လို့လည်း ဘင်္ဂလားဒေ့ရှ် မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သူများ အသင်း အထွေထွေ အတွင်း ရေးမှူး S. M Farhad က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

Wednesday, June 26, 2019

ဒေသတွင်း သတင်းအမှောင်မချဖို့ Yanghee Lee တိုက်တွန်း

VOA 
ဗွီအိုအေ (မြန်မာဌာန)
25 ဇွန်၊ 2019
အင်ကြင်းနိုင်
 မတ်လ ၁၁ ရက် ၂၀၁၉ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ 
 
ရခိုင်နဲ့ ချင်းပြည်နယ်က ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ မိုဘိုင်းဖုန်း အင်တာနက်သုံးခွင့်ကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာဟာ ဒေသတွင်း သတင်းတွေကို အမှောင်ချလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက တနင်္လာနေ့က သတိပေးပြောကြား လိုက်ပါတယ်။

Tuesday, June 25, 2019

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှု RSF သတိပေး

VOA  
ဗွီအိုအေ (မြန်မာဌာန
25 ဇွန်၊ 2019
ကိုဇော်ဝင်းလှိုင်
ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးအနီး ကျွဲကျောင်းနေတဲ့ ဒေသခံများ (သြဂုတ်၊ ၀၄၊ ၂၀၁၅)
 
ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေ သတွေမှာ အစိုးရက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနဲ့ သတင်းလွတ်ခွင့်တို့အတွက် စိုးရိမ်စရာ ဖြစ်စေကြောင်း RSF နယ်စည်းမခြား သတင်း ထောက်များ အဖွဲ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး Yanghee Lee အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းနိုင်ငံရေး အသိုင်းဝိုင်းကပါ ေ၀ ဖန်မှုတွေ ထွက်ပေါ်လာ အပြီးမှာ RSF ကလည်း အခုလို ထောက်ပြ ဝေဖန်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အင်တာနက်ဖြတ်တောက်တာ သတင်း အမှောင်ချ တာလို့ AA ကြေညာချက်ထုတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-25
 အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်Photo: Min Thein Aung/ RFA
                                       

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အစိုးရက မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်လိုက် တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ အတွက် ရည် ရွယ်ချက် ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

Monday, June 24, 2019

အင်တာနက်ပြန်ဖွင့်ပေးဖို့ ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်


RFA
လွတ်လပ်တဲ့ အာရှအသံ
 2019-06-24
 ၂၀၁၉ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် 
Photo: Min Thein Aung/RFA

                                    

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ပြည် ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော် မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

Saturday, June 22, 2019

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-22
မြောက်ဦးမြို့နယ်က Telenor နဲ့ အင်တာနက် အသုံးပြုသူတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ယာယီရပ်ဆိုင်းဖို့ညွှန်ကြားလာတဲ့ မက်ဆေ့ချ်ကို တွေ့ရစဉ် 
Photo credit - Citizen Journalist

ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက်ဝန်ဆောင်မှုတွေ ရပ် ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */