" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂျပန်သံအမတ်ကြီး. Show all posts
Showing posts with label ဂျပန်သံအမတ်ကြီး. Show all posts

Thursday, January 2, 2020

ရခိုင်ပြည်နယ်အရေး ဂျပန်နိုင်ငံရပ်တည်ချက် သံအမတ် ကြီး ရှင်းလင်းပြောကြား

KUMUDRA
2 JAN 2020
အေးအေးအောင်

ရန်ကုန်၊ ဒီဇင်ဘာ၂၆  -မြန်မာနိုင်ငံမှာ ဂျီ နိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု) ကျူးလွန်ခြင်းမရှိဘူးလို့ ဂျပန်နိုင်ငံ က ယူဆကြောင်းနဲ့ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အပြည်ပြည် ဆိုင်ရာ တရားရုံး ကို သွားရောက် ရင်ဆိုင်ခြင်းကို ချီးကျူးထောက်ခံ ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီ ရော့မာရုယာမက ပြောပါတယ်။

Saturday, December 28, 2019

ဂျပန်သံအမတ်ကြီး ပြောပြတဲ့ AA အကြောင်း

လွတ်လပ်တဲ့အာရှအသံ (RFA )
2019-12-27
 ဂျပန် သံအမတ်ကြီး အီချီရို မာရုယာမားကို‌ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်နေ့က ‌တွေ့ရစဉ်
Photo: Nay Myo Htun/ RFA


ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Ichiro Maruyama က ၂၀၀၉ -၂၀၁၀ ဝန်းကျင်က ဖွဲ့စည်း လိုက်တဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ ဘာလို့အင်အားကြီးထွားလာသလဲဆိုတဲ့ မေခွန်း သူ့မှာရှိကြောင်း RFA နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုလိုက်ပါတယ်။

Link : Here

Thursday, December 26, 2019

မြန်မာပြည်မှာ လူမျိုးတုံးရှင်းလင်းမှု မရှိခဲ့ဟု ဂျပန်သံအမတ် ယူဆ

VOA
 ဗွီအိုအေ (မြန်မာဌာန)
ဇော်ထက်
26 ဒီဇင်ဘာ၊ 2019
ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမ
 
ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ နိုင်ငံတကာ တရားရုံးမှာ ရင်ဆိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောာင်ခဲ့တဲ့ မြန်မာအစိုးရအဖွဲ့ ရပ် တည်ချက်ကို ဂျပန်နိုင်ငံက ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide အမှန်တကယ် မရှိခဲ့ဘူးဆိုတာ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။ ဒီပွဲကို ကိုယ်တိုင်သွား ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ဂျပန်က မြန်မာမှာ လူမျိုးတုံးသတ်ဖြတ်မှုမရှိဟု ယုံကြည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-26
ဂျပန် သံအမတ်ကြီး အီချီရို မာရုယာမားကို‌ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်နေ့က ‌တွေ့ရစဉ်
Photo: Nay Myo htun/ RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ ဂျပန်အစိုးရက ယုံကြည်တာကြောင့် နိုင်ငံတ ကာ တရားရုံး ICJ အနေနဲ့ Provisional Measure ကြားဖြတ်အရေးယူမှု မချမှတ်ဖို့ ဆုတောင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Mr. Ichiro Maruyama က ပြောကြား လိုက်ပါတယ်။

Friday, November 29, 2019

ICJ တွင် တရားစွဲဆိုမှုအပေါ် သွားရောက်ဖြေရှင်းမည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆုံးဖြတ်ချက်နှင့် ဂူတာပြင်ဖြစ် စဉ် နှင့်ပတ်သက်၍ ခုံရုံးတွင်စစ်ဆေးမည့် တပ်မတော် ထုတ်ပြန်ချက်အပေါ် ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြ

ELEVEN 
29 NOVEMBER 2019
ကိုရွှေသိန်း


မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုအားသွားရောက် ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်နှင့် ဂူတာပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ခုံရုံးတွင် စစ်ဆေးမည့် တပ်မတော်ထုတ်ပြန်ချက်အပေါ်လည်း ချီးကျူး ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Maruyama က ပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */