Showing posts with label တရုတ်နိုင်ငံ. Show all posts
Showing posts with label တရုတ်နိုင်ငံ. Show all posts

Thursday, July 11, 2024

ကြံ့ဖွံ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုအား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်

mizzima
ရွှေနွယ်
July 11, 2024

ပုံအညွှန်း − ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌ ဦးခင်ရီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Lin Tao တို့ ၂၀၂၂ ခုနှစ်အတွင်းက ကြံ့ဖွံ့ပါတီဌာနချုပ်၌ တွေ့ဆုံကြစဉ်။

မဇ္ဈိမ။ ။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများဖြစ်သေပြည်ထောင် စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ကိုယ်စားလှယ် ၁၇ ဦးအား တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံသို့ ဖိတ်ကြားစာကို ဇူလိုင်လ ၈ ရက်နေ့က ပေးပို့သည်။

Saturday, February 26, 2022

တရုတ်နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်မြင့် တိုးတက်စေ ခဲ့သူ (သို့) တိန့်ရှောင်ဖိန်

တရုတ်နိုင်ငံ၏ စီးပွားရေးကို အရှိန်အဟုန်မြင့် တိုးတက်စေခဲ့သူ (သို့) တိန့်ရှောင်ဖိန်


မည်သည့်နိုင်ငံတွင်မဆို နိုင်ငံကိုစတင်တည်ထောင်ခဲ့သည့် ထင်ရှားသည့်ခေါင်းဆောင်တယောက်တော့ ရှိကြ စမြဲတော့ဖြစ်သည်။ သို့သော် ထိုခေါင်းဆောင်များ၏ နောက်တွင်ထင်ရှားနာမည်‌ေကျာ်ကြားသည့် ခေါင်း ဆောင်တချို့လည်း မပါမဖြစ်ရှိကြပါသည်။ ထို့ထဲကမှ သံမဏိလိုလူ၊ လောကဓံအလှည့်အပြောင်း၊ အနိမ့်အမြင့် အတက်အကျ သာမက ဘဝတလျှောက်လုံး အခက်အခဲများစွာကို ရင်ဆိုင်ခဲ့သည့် ရှားပါးလူများထဲတွင် တိန့် ရှောင်ဖိန်လည်း တယောက်အပါအဝင်ဖြစ်သည်။


တရုတ်နိုင်ငံဟု ပြောလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သူ မော်စီတုံးကို ပထမဆုံး ပြေးမြင်ကြ မည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသမိုင်းတွင် မော်စီတုံးသာမက ချူအင်လိုင်း၊ တိန့်ရှောင်ဖိန် စသောခေါင်း ဆောင်များစွာ ပေါ်ထွက်ခဲ့ပါသည်။ မော်စီတုံးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဥက္ကဌလည်းဖြစ်ပြီး တော်လှန်ရေး အ တွေးအခေါ်တရပ်နှင့် နိုင်ငံသစ်ကို ထူထောင်ခဲ့သူဖြစ်သော်လည်း အမှန်တကယ် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု့ကို ဆောင်ကြဉ်းပေးနိုင်သူသည် တိန့်ရှောင်ဖိန်ပင် ဖြစ်သည်။ 

Wednesday, November 20, 2019

ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ

ဧရာဝတီ
အယ်ဒီတာ့အာဘော်
By ဧရာဝတီ
20 November 2019
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး စင်တာသို့ အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က အမေရိကန် ဒေါ်လာ ၄ သိန်း လှူဒါန်းစဉ် / ဧရာဝတီ

လွန်ခဲ့သောအပတ်က တရုတ်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ သန်းလှူဒါန်းပြီး အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က နေပြည်တော်ရှိ အဆင့်မြင့်အရာရှိများ သို့ထိုငွေကို လွှဲပြောင်းပေးနေသည့် ပုံကိုတွေ့ရသည်။

Thursday, August 29, 2019

တရုတ်နဲ့ မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019
တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook)  
 
မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ သြဂုတ်လ ၂၇ အင်္ဂါနေ့က တ ရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ပါတယ်။

Thursday, April 25, 2019

ရပ်ဝန်းတခု လမ်းတကြောင်း - ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး သို့မဟုတ် အကြွေးထောင်ချောက်

B B C
 ဘီဘီစီ မြန်မာပိုင်း
25 ဧပြီ 2019
ဖွံဖြိုးဆဲနိုင်ငံ အများအပြားအတွက် ခေတ်မီ အခြေခံအဆောက်အအုံတွေကို ယူဆောင်လာပေး မယ်လို့ တရုတ်ကြွေးကြော်နေတဲ့ စီမံကိန်းကြီးအကြောင်း နိုင်ငံတကာခေါင်းဆောင်တွေ ဘေဂျင်းမှာ စုဆုံ ဆွေးနွေး နေကြ ပါတယ်

မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်သမ္မတနဲ့ တွေ့ဆုံ

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
24 ဧပြီ၊ 2019 

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမ တည်ဆောက်ရေး ဆွေးနွေးမယ့် ညီလာခံကို တက်ရောက် ဖို့ ဒီနေ့ပဲ ဘေဂျင်းမြို့တော်ကို ရောက်သွားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ Xi Jingping နဲ့ တွေ့ဆုံပါတယ်။

Monday, April 22, 2019

တပ်ချုပ်ရဲ့ တရုတ်နဲ့ ရုရှားခရီးစဉ်

VOA 
ဗွီအိုအေ (မြန်မာဌာန
21 ဧပြီ၊ 2019
ဝင်းမင်း
 တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား နိုင်ငံကို ရောက်ရှိ (MOI)
 
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးလေးမှာပဲ ရုရှား နိုင်ငံကို ရောက်သွားပါပြီ။ 

Sunday, April 21, 2019

ဒေါ်အောင်ဆန်းစုကြည် ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တက်ရန် တရုတ်နိုင်ငံ သွားမည်

DVB
By ဒီဗွီဘီ
21 April 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ဖို့ တရုတ်နိုင်ငံကို မကြာခင် သွားရောက် မယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

Thursday, March 21, 2019

မြန်မာ - အမျိုးသမီးနှင့် မိန်းကလေးများအား ‘သတို့ သမီးများ’ အဖြစ် တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း

HUMAN
RIGHTS
WATCH



 

၂၀၁၉ မတ်လ (၂၁)ရက်

အစိုးရ၏ အရေးယူရန်ပျက်ကွက်မှု၊ ပဋိပက္ခ၊ တရုတ်နိုင်ငံ၏ အမျိုးသားများနှင့်အမျိုးသမီးများအကြား ကွာဟ ချက်တို့မှ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခြင်းကို မီးလောင်ရာလေပင့်ပေးနေသည်။



မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အစိုးရများသည် ကချင်တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးများအား တရုတ်နိုင်ငံရှိမိသားစုများထံ သတို့သမီးများအဖြစ် လူကုန်ကူးခြင်းကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်ဟု လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာ၌ ပြောဆိုခဲ့သည်။

Monday, March 4, 2019

ရိုဟင်ဂျာအတွက် Safe Zone နောက်ဆုံးမှာ တရုတ်သဘောတူ လိုက်ပြီ (ပူးတွဲ ကန့်ကွက်စာများ)

ရိုဟင်ဂျာများမိမိဌာနေသို့ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် လုံခြုံဘေးကင်းရာဇုံ နယ်မြေကို ရခိုင် ပြည်နယ် အတွင်းထူထောင်ရေးအတွက် တရုတ်က နောက်ဆုံးတွင်သဘောတူညီလိုက်သည်။

မြန်မာပြည်အတွင်း safe zone ထူထောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အစဉ်တစိုက်တောင်းဆို ခဲ့ပြီး မြန်မာအစိုးရကမူ safe zone ကိုနိုင်ငံတကာကအုပ်ချုပ်မည်ဖြစ်သည့်အတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ကိုထိခိုက်စေသည်ဆိုကာအစဉ်တစိုက်ကန့်ကွက်ခဲ့သည်။

အိုင်စီစီရှေ့နေချုပ် မစ္စဖာတူ ဘန်ဆူဒါ သည် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ လာရောက်မည်ဟူသည့် သ တင်း နှင့်အတူ တရုတ်၏မြန်မာအပေါ် သစ္စာဖောက်မည်ဟူသည့်သတင်းထွက်ပေါ်လာခြင်းဖြစ် သည်။

Safe Zone မှာ တရုတ်နှင့်ကုလား ခြယ်လှယ်မှာစိုး

 ရခိုင်မြောက်ပိုင်းတွင်ထူထောင်မည့် safe zone အားတရုတ်၊အိန္ဒိယ နှင့် အာဆီယံတို့ကို မအုပ်ချုပ်စေလို
ဘဲ ယူအက်စ်၊ကနေဒါ၊အီးယူနှင့် အာဆီယံတို့သာကြီးကြပ် စေလိုကြောင်းဆန္ဒပြု သံများပေါ်ထွက်လာသည




Thursday, February 28, 2019

ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေး တရုတ်ကိုယ်စား လှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-28
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၁၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေးတွေမှာ တရုတ်နိုင်ငံက ဆက်လက် ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်း ဂေါ်ရှန်းက နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */