" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂျီနိုဆိုက်. Show all posts
Showing posts with label ဂျီနိုဆိုက်. Show all posts

Tuesday, June 11, 2024

ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ရပ်ရေး ICJ ထပ်တိုးကြားဖြတ် အမိန့် ချပေးဖို့ရာ တောင်းဆိုမလား ဂမ်ဘီယာ ရှေ့နေအဖွဲ့ သုံးသပ်နေ နောက်ဆုံးအဆင့် ကြားနာပွဲတွေ လာမယ့်နှစ်ထဲ ပြုလုပ်လာဖွယ် ရှိတယ်လို့ ဂမ်ဘီယာ ရှေ့နေ အဖွဲ့ပြော

BBC
June 10'2024 

နောက်ဆုံးအဆင့် ကြားနာပွဲတွေ လာမယ့်နှစ်ထဲ ပြုလုပ်လာဖွယ် ရှိတယ်လို့ ဂမ်ဘီယာ ရှေ့နေ အဖွဲ့ပြော

ရခိုင်ထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို ဂရုတစိုက် စောင့်ကြည့်နေတယ် ဆိုပြီး အပြည်ပြည်ဆိုင် ရာ တရားရုံး ICJ မှာ မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

Tuesday, March 22, 2022

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကြေညာချက် ပြည်သူတွေ ကြိုဆို

RFA
2022.03.22

မြန်မာနိုင်ငံကနေ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်
 
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင် ကြေညာလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူ တွေက ပြောပါတယ်။

Tuesday, November 2, 2021

ရိုဟင်ဂျာဂျီနိုဆိုက်နှင့် အစိုးရအမှားတော်ပုံ (၁)

Myat Min Maung Maung
November 2, 2021
မကြာသေးမီက ရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်ခဲ့တာ (၄) နှစ်ပြည့်ခဲ့ပါပြီ။ ရိုဟင်ဂျာဂျီနိုဆိုက်နဲ့ပတ်သက်ပြီး အာဏာ သိမ်းခံလိုက်ရတဲ့ NLD အစိုးရဟာ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။ Ayyanttu News မှာဆိုရင် ဒေါ် အောင်ဆန်းစုကြည်ကို အဆိုးဝါးဆုံးနိုဘယ်ဆုရှယ်၊ The Guardian သတင်းစာမှာဆိုရင် “ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းပါ” စသည်ဖြင့် ရေးသားဝေဖန်မှု‌တွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကျဆင်းခဲ့ပြီးတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 

Saturday, May 29, 2021

ဂျာမနီကကိုလိုနီခေတ်တွင်နမီးဘီးယားတွင်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုပြောကြား

VOA
AFP
‌မေလ 28 ရက်, 2021
နမီးဘီးယာ:
ဘာလင် -ဂျာမနီသည်ကိုလိုနီကိုလိုနီခေတ်တွင်နမီးဘီးယား၌လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ ကြောင်းပထမ ဆုံးအကြိမ်သောကြာနေ့ကအသိအမှတ်ပြုခဲ့သည်။ ဘာလင်က အာဖရိကနိုင်ငံများမှ စီမံကိန်းများကို ကူညီရန် ယူရိုတစ်ဘီလီယံကျော်တန်ဖိုးရှိဘဏ္ဍာရေးအထောက်အပံ့ပေး မည်ဟု ကတိပေးခဲ့သည်။

Sunday, February 2, 2020

ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော

ဧရာဝတီ
သီဟလွင်
1 February 2020
ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Reuter

ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာမှုကို ရင်ဆိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ် တိုင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ထွက်ရှင်းရခြင်း တပ်မတော် ကို ကာ ကွယ်ပေးခြင်း မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။

Friday, December 27, 2019

လူမျိုးတုံး သတ်ဖြတ်မှု GENOCIDE ကို လေ့လာခြင်း

The Voice


မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက ပြောကြဆိုကြစွပ်စွဲကြတဲ့အခါ သုံးနှုန်း တဲ့စကားလုံးတစ်ခု မကြာခဏ ကြားနေရမည် ထင်ပါသည်။ အစိုးရက လည်း ဒီစကားလုံးကို မသုံးဖို့၊ မဟုတ်ဘူး ဆိုတာကို ပြင်း ပြင်းထန်ထန် ကန့်ကွက်နေသည့် Genocide (ဂျီနိုဆိုက်)ဆိုတဲ့ စကား လုံးပါ။ ဘာဖြစ်လို့ နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် နိုင်ငံတ ကာ မီဒီယာများနဲ့ လူ့ အခွင့်အရေး တက်ကြွသည့်အဖွဲ့များ၏ ကိုယ့် ဘာသာ ခံယူ ထားသူ များက ဒီစကားလုံးကို အထူးပြုသုံးချင်ကြတာလဲ။ ဘယ်လို အဓိပ္ပာယ် သက်ရောက် လို့လဲ။ ဘာ ကြောင့် ဒီစကားလုံးကို မသုံးသင့်တာလဲ။ နိုင်ငံတကာအရေး လေ့လာသူများအနေနှင့် မဖြစ် မနေ သိသင့် သည့်စကားလုံးဖြစ်သော်လည်း သာမန်ပြည်သူများ အနေနဲ့ အတိမ်အနက်ကို နားလည်ချင်မှ နားလည်လိမ့် မည်။ သို့သော် အများက ဤကို ကျွဲဖတ်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်ဘက်က ကျွဲလား ဤလား ဘာကိုပြော နေတာ လဲ သိသင့်သည်ဟု မြင်ပါသည်။ အနည်းငယ် တူးဆွကြည့်မိပါသည်။

မြန်မာမှာ ဂျီနိုဆိုက်မရှိဘူးလို့ပြောတဲ့ ဂျပန်အစိုးရ တပ်မ တော်ကို ဘာအကြံပေးသလဲ

B B C 

ဘီဘီစီမြန်မာပိုင်း
 26 ဒီဇင်ဘာ 2019 

  တပ်မတော်က လက်တွေ့ကျကျ အရေးယူပါလို့ ဂျပန်ပြော


ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တာတွေ မရှိဘူးလို့ ဂျပန်က ယုံကြည်တယ်၊ အဲဒီအတွက် နိုင်ငံတကာတရားရုံး အိုင်စီဂျေက ကြားဖြတ် စီမံဆောင်ရွက်ချက်တွေကို မပေးဖို့ မျှော်လင့်တယ်လို့ ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ပြောဆိုလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */