အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို သိနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်တွင်း သွားရောက်ခွင့် ပေးဖို့ အမေရိကန် အစိုးရက အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။