" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Arakan Dream. Show all posts
Showing posts with label Arakan Dream. Show all posts

Tuesday, February 25, 2020

AA အဖွဲ့၏ Arakan Dream အပေါ်ရခိုင်လူထုကယုံကြည် မှု ကျဆင်းလာသည့်အတွက် အဖတ်ပြန်ဆယ်ရန် ကြေညာ ချက်ထုတ်၍ တပ်မတော် ကို တုံ့ပြန်ခြင်းဖြစ်ဟုတပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

ELEVEN
မင်းနိုင်စိုး
25 FEBRUARY 2020 

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ Arakan Dream နှင့် ပတ်သက်၍ ရခိုင်လူထုက ယုံကြည်မှု ကျဆင်း လာ ပြီး ယင်းကိစ္စနှင့်အား အဖတ်ပြန်ဆယ်ရန်အတွက် AA အဖွဲ့ က ကြေညာချက်ထုတ်ပြန်၍ တပ်မတော် ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် AA နှင့် ပတ်သက်၍ သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြော ကြားချက်များနှင့် ဆက်စပ်၍ AA အဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် တုံ့ပြန်ချက် ထုတ်ပြန်ခဲ့သည်။